ကျောက်ဆည်ခရိုင်အတွင်း ပဲကြီးသီးနှံများ စိုက်ပျိုးလျက်ရှိ

Tue, 01/09/2024 - 10:58 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိသည့်အနက် ပဲကြီးသီးနှံကိုလည်း ယာမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်း ယခုအချိန်အထိ ပဲကြီးစိုက်ဧက ၃၇၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မြို့နယ်အလိုက် ပဲကြီးသီနှံ စိုက်ဧကများ အနေ ဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၃၉ ဧကနှင့် မြစ်သားမြို့နယ်တွင် ၂၄၀ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

   ကျောက်ဆည်မြို့နယ်အတွင်း ပဲကြီးသီးနှံ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ရဲကြီး ကျေးရွာ၊ အရှေ့သပြေသာရွာ၊ ဆင်ဖြူကျေးရွာနှင့် မြစ်သားမြို့နယ်တွင် ရိုးကန်ရွာ၊ ရစ်ကန်ရွာနှင့် ညောင်ဝန်းကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး အချို့ဒေသများတွင် ပဲကြီးသီးနှံကို ဆောင်း နှမ်းဖြင့်ရော၍ သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ပဲကြီးစိုက်ပျိုးရာတွင် တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ၅ သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကြီးအစိုသီးနှံကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ပြီး ပဲကြီးအခြောက်သီးနှံကို ဧပြီလတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပဲကြီးသီးနှံ ထွက်ပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ် ကြောင်း ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages