ကံမမြို့နယ် ပဲတီစိမ်းနှင့် မတ်ပဲ ဈေးနှုန်းဈေးကွက်အခြေအနေ

Tue, 02/20/2024 - 05:00 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံ ၃၉၅၉ ဧက စိုက်ပျိုးထားရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  ၃၁ ရက်နေ့အထိ ရိတ်သိမ်းဧက ၄၈၆ ဧက၊ အထွက်နှုန်း ၁၂.၂၃ တင်းဖြင့် ၅၉၄၄ တင်းထွက်ရှိကြောင်း ဆောင်းမတ်ပဲသီးနှံ ၂၂၅၃၇ ဧက စိုက်ပျိုး ထားရှိပြီး ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ရိတ်သိမ်းပြီးဧက ၁၀၁၅၇ ဧက၊ အထွက်နှုန်း ၁၄.၈၉ တင်းဖြင့် ၁၅၁၂၃၈ တင်း ထွက်ရှိကြောင်းသိရှိရသည်။

   ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ခြောက်ပင်၊သံပရာ၊ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာစသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ပဲတီစိမ်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမပတ်တွင် ၃၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၀၃,၅၀၀-၁၀၅,၀၀၀ ဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍  တစ်နေ့လျှင် အိတ်ရေ  ၂၀ မှ ၃၀ ဝန်းကျင်ခန့် ဝင်ရောက်ပြီး အ‌ရောင်းအဝယ်အေးလျက်ရှိကြောင်းဆောင်းမတ်ပဲသီးနှံများမှာလည်း ဖေဖော်ဝါရီလ၊ ပထမပတ်တွင် ၃၀ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၃၇,၅၀၀ - ၁၆၅,၀၀၀ ဖြင့် တစ်နေ့လျှင် အိတ်ရေ ၁၀၀ မှ ၁၃၀ ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ နေ့စဉ်‌တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages