ကုန်သွယ်ရေးစခန်းများနဲ့ ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် နှစ်သောင်း ငါးထောင်ကျော်တင်ပို့နိုင်

Wed, 11/18/2015 - 10:27 -- admin_ygn

နိုဝင်ဘာလ ပထမပတ်အတွင်းမှာ မြန်မာ-တရုတ်  နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၉ ဒသမ ၃၉၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၂၆၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင်မှ ငစိန် ဆန် ၁၂၂၆၈ တန်ကျော်၊ ဧည့်မထဆန် ၁၀၁၂၁ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၂၀၉ တန်နဲ့ လွယ်ဂျယ်စခန်းမှ ငစိန်ဆန် ၂၆၆၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၉၄၄၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုး ရှိ ဆန်ကွဲကို မူဆယ် ၁၀၅ မိုင်မှ ၄၃၇၈ တန်ကျော် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ၁၆၈၈ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းမှ တင်ပို့မှုကတော့ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်နေ့အထိ  ကာလ အတွင်းကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန်တန် ၅၂၀ တင်ပို့ခဲပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုများမှာ စင်ကာပူနိုင်ငံကို ဇီယာဆန် ၂၄၅ တန်၊ အီတလီနိုင်ငံ ကို ပေါင်းဆန်တန် ၅၀ နဲ့ ပိုလန်နိုင်ငံကို ပေါင်းဆန် ၂၂၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှု ထက် ၇၇၂ တန်လျော့နည်းခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ၃၂၅ သန်းဖိုး ရှိ ဆန်ကွဲ ၁၂၅ တန်ကို နယ်သာလန်နိုင်ငံကို တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်အတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။
ယဉ်ယဉ်အေး

 

Local Trade News

Pages