ကမ္ဘောဒီးယားနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၁၅၀ နီးပါးပိတ်သိမ်း မြန်မာနိုင်ငံသို့ တချို့အထည်ချုပ်စက်ရုံများ ရောက်ရှိလာဟုဆို

Wed, 01/13/2016 - 06:05 -- admin_ygn

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်းအထည်ချုပ်နှင့် ခြေအိတ် ခြေစွပ်များထုတ်လုပ်သည့် အထည်ချုပ် စက်ရုံပေါင်း ၁၅၀နီးပါးကို ပိတ်သိမ်း လိုက်ရကြောင်း  ဖနွမ်းပင်ပို့စ်သတင်း ဌာနက  ထုတ်ဖော်ရေးသားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံကုန်သွယ်ရေး ဝန်ကြီးဌာနတွင်  မှတ်ပုံတင်ထားသည့် အထည်ချုပ်စက်ရုံပေါင်း ၉၈၂ ခုနှင့် ခြေအိတ်ချုပ်လုပ်သည့်  စက်ရုံပေါင်း ၉၀ ရှိသည်။  အဆိုပါစက်ရုံများအနက် အထည်ချုပ်စက်ရုံ ၁၃၀နှင့် ခြေအိတ် ချုပ်လုပ်သည့်စက်ရုံ ၁၄ ရုံ ပိတ်သိမ်းခဲ့ ရခြင်းဖြစ်ကြောင်း  ကမ္ဘောဒီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည့်စာရင်းများအရ သိရသည်။အဆိုပါပိတ်သိမ်းခဲ့သည့်  စက်ရုံ များအနက်  တချို့သောစက်ရုံများမှာ မြန်မာနိုင်ငံသို့   ရောက်ရှိသွားကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြု လုပ်လျက်ရှိသည်ဟု  ဆင်ဟွာသတင်း ဌာနက ရေးသားထားသည်။ကမ္ဘောဒီးယားနိုင်ငံရှိအထည်ချုပ် စက်ရုံများမှ  အလုပ်သမားများသည် လစာနှုန်းထားတိုးပေးရေးဆန္ဒပြမှု များနှင့်ရင် ဆိုင်နေရသဖြင့်   ယခုကဲ့သို့ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရခြင်း ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။''ကျွန်တော်တို့ဆီမှာ လည်ပတ် နေတဲ့အထည်ချုပ်စက်ရုံထက်  ပိတ်သိမ်းသွားတဲ့  စက်ရုံအရေအတွက်က များနေပေမယ့် ဒီနှစ် ၂၀၁၆ခုနှစ်မှာ တော့  ထုတ်လုပ်မယ့်အရေအတွက်က ပိုများလာမယ်လို့ထင်ပါတယ်။ ဒါပေ မယ့် လုပ်ခလစာတိုးပေးရေး ဆန္ဒပြမှု တွေက ရောက်ရှိလာမယ့်ရင်းနှီးမြှုပ်နှံ မှုအသစ်တွေကို အဟန့်အတားဖြစ်စေ ပါတယ်။  ကုန်ထုတ်လုပ်မှု  ကဏ္ဍတွေအားလုံး မြန်မာနိုင်ငံဆီကို ပြောင်းရွှေ့သွားကြပါပြီ''ဟု ကမ္ဘောဒီးယားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၊   သွင်းကုန်ထုတ်ကုန်ဌာနခွဲမှ   ညွှန်ကြားရေးမှူး Ho Sivyong   ကပြောကြားသည်။မြန်မာနိုင်ငံသည်လည်း ကမ္ဘော ဒီးယားနိုင်ငံကဲ့သို့ပင် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများအတွက် '' လက်နက်မှ တစ်ပါး ကုန်သွယ်ခွန်လွတ်ကင်းခွင့်'' ဖြင့်  ဥရောပနိုင်ငံများသို့အခွန်အတုပ် ကင်းလွတ်ခွင့်ဖြင့် ကုန်စည်များတင်ပို့ခွင့်ရထားသည့် နိုင်ငံ တစ်နိုင်ငံဖြစ် ကြောင်း၎င်းင်းက မှတ်ချက်ပြုပြောကြား ခဲ့သည်။
မယ်သီတာ

Local Trade News

Pages