WTO ဝင်ခွင့်ရပါက ကာဇက်စတန်ရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းမွန်နိုင်

Mon, 11/30/2015 - 13:02 -- admin_ygn

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ  ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ပြုလုပ်မယ့် (၁၀)ကြိမ်မြောက်   ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(ဒဗလျူတီအို)  ဝန်ကြီးအဆင့်  အစည်းအဝေးမတိုင်မီ ဒဗလျူတီအို အဖွဲ့အတွင်းသို့  ကာဇက်စတန်  ဝင်ရောက်ရေး ရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ပေါင်းစည်းရေးဝန်ကြီး ဇာနာအိတ် ဇာနိုဗာ နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အလက်ဆေးဗိုကော့ တို့က သဘာပတိအဖြစ်  ဆောင်ရွက်ခဲ့ကြောင်း အက်စ်တနာ တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။   ရှင်းလင်းပွဲသို့ ကာဇက် စတန်နိုင်ငံရှိ သံတမန်ကိုယ်စားလှယ်များနဲ့ ကာဇက်စတန် မီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။''အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရခြင်း အားဖြင့် ကမ္ဘာ့ အသိုက်အဝန်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ပါဝင် ခွင့် ရရှိကာ ကာဇက်စတန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အလားအလာကောင်းတဲ့ စွမ်းအားတွေ ရရှိနိုင်မှာ ဖြစ်ပါ တယ်။ ကာဇက်စတန်နိုင်ငံက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အဆင့်ကို ပြောင်းလဲနိုင်ပြီး အဆင့်သစ်တစ်ခုကို ရောက်ရှိနိုင် တော့မှာဖြစ်ပါတယ်''လို့ ဗိုကော့ကပြောပါတယ်။ဒဗလျူတီအို   အဖွဲ့ဝင်ဖြစ်လာ မယ်ဆိုရင်   စီးပွားရေး ပြုပြင်ပြောင်း လဲ မှုတွေကို   ဆောင်ရွက်ဖို့ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ   တာဝန်သိသိနဲ့ ဆောင်ရွက်ဖို့လိုမှာဖြစ် ပြီး ဒဗလျူတီအို သဘောတူညီချက်ထဲမှာပါတဲ့ ပြဋ္ဌာန်းချက်တွေ နဲ့ ကိုက်ညီဖို့လိုအပ် မှာဖြစ်ကြောင်း သူကပြောပါတယ်။ လာ မယ့်လမှာ ကာဇက်စတန်မြို့တော် အက်စ်တနာသို့ ဥရောပ သမဂ္ဂ (အီးယူ)နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒရေးရာ အဆင့် မြင့်ကိုယ်စားလှယ်  ဖီဒါရီကာမိုဟီရီနီ လာရောက်တဲ့အခါ အီးယူ-ကာဇက်စတန်  ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးကြမှာဖြစ်ကြောင်း  ဗိုကော့က ပြောပါတယ်။ဥရောပ အာရှ စီးပွားရေးသမဂ္ဂ(Eurasian Economic Union-EAEU) ကလည်း ဥရောပသမဂ္ဂ(အီးယူ)နဲ့ တိုက်ရိုက် ဆွေးနွေးပွဲကျင်းပဖို့ စိတ်ဝင်စားကြောင်း သူကပြောပါတယ်။ အီးယူနဲ့ ပူးပေါင်းဆောင် ရွက် ဖို့ အတွက်  အဓိကဦးစားပေး ဆောင်ရွက်ရမယ့်အထဲမှာ ဗီဇာကင်းလွတ်ခွင့်ပြုရေးကလည်း အချက် တစ်ချက်အဖြစ်ပါဝင်ကြောင်း သူကပြောပါတယ်။''ကာဇက်စ တန်နိုင်ငံ က လူ ဦးရေ ၁၇ သန်းကျော်သာ ရှိပြီး လူနေမှုအဆင့်အတန်းလည်း အထိုက်အလျောက်မြင့်မား တဲ့အတွက် အီးယူအတွက် လူပြောင်းရွှေ့နေထိုင်မှုလို  ခြိမ်း ခြောက်မှုမျိုး   ဖြစ်ပေါ်စေမှာ မဟုတ် ပါ ဘူး ။ ကာဇက်စတန် နိုင်ငံသားတစ်သန်းကျော်ကလည်း နှစ်စဉ်ဥရောပကို သွား ရောက်လည်ပတ်လျက်ရှိနေပါတယ်။ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို လွယ်ကူချောမွေ့အောင် ပြောင်း လဲေ ပး ဖို့ စိတ်  စားမှုရှိပေမယ့် လုံးဝဖျက်သိမ်းပေးမှာတော့ မဟုတ်ပါဘူး''လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

International Trade News

Pages