အိန္ဒိယလူမျိုးငါးယောက်မှာ တစ်ယောက် လမ်းလျှောက်ပြီးအလုပ်ဆင်း

Thu, 11/19/2015 - 14:44 -- admin_ygn

၂၁ ရာစုသို့ရောက်ရှိလာချိန်မှာ အိန္ဒိယလူမျိုး ငါးယောက်မှာ တစ် ယောက်က လုပ်ငန်းခွင်သို့ လမ်းလျှောက် သွားပြီး ၁၅ ရာခိုင်နှုန်းခန့်က အများပြည်သူသယ်ပို့ဆောင်ရေးစနစ်ကို အသုံးြ ပု ကြောင်း တိုင်းမ်အော့ဖ်အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။နေအိမ်ကနေ ကီလိုမီတာ ၂၀ လောက်ရှိတဲ့နေရာကို သွားရောက် အလုပ်ဆင်းရသူ ၃၃ ရာခိုင်နှုန်းကဘတ်(စ်) ကားနဲ့ ရထား အပြင်တခြားသယ်ယူပို့ဆောင်ရေးစနစ်ကိုအသုံးပြုပါတယ်။ အိုးမကွာအိမ်မကွာအိမ်မှာ အလုပ်လုပ်ကြသူဦးရေက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ယခုကိန်းဂဏန်းအချက်အလက် တွေက မိမိ တို့နေအိမ်ကနေ ကီလိုမီတာ၂၀ အတွင်းမှာရှိတဲ့ အလုပ်ခွင်ကိုသွား ရောက်တဲ့အခါအသုံးပြုတဲ့သယ်ယူပို့ ဆောင်မှုစနစ်တွေကို စစ်တမ်းကောက် ယူထုတ်ပြန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် သန်းခေါင် စာရင်းကိုအခြေခံတွက်ချက်ထားတဲ့တွေ့ရှိချက်တွေဖြစ်ပါတယ်။ဒီစာရင်းမှာလယ်ယာစိုက်ပျိုးရေးလုပ်သားတွေနဲ့ အိမ်ဖော်တွေကိုထည့်သွင်းမထားပါဘူး။စစ်တမ်းကောက်ယူခဲ့တဲ့ သန်း ၂၀၀ အနက် အလုပ်သမား ၄၅ သန်းက သူတို့ လုပ်ငန်းခွင်ကို လမ်းလျှောက်သွားကြပါ တယ်။အိုးမကွာအိမ်မကွာ နေထိုင်လုပ် ကိုင်သူအများစုက ကျေးလက်ဒေသက လူတွေဖြစ်ပါတယ်။
''မြို့ပြဒေသတွေမှာ လုပ်ငန်းခွင် ကို လမ်းလျှောက်သွားကြတဲ့သူအများစု က ဆင်းရဲသားတွေများပါတယ်။ တခြား သယ်ယူပို့ဆောင်ရေးကို အသုံးပြုဖို့ မတတ်နိုင်တဲ့အတွက် အဆင်ပြေ ညီညွတ်မှုမရှိ၊ အန္တရာယ်များမှန်းသိပေ မယ့် ခရီးဝေးကြီးကို လမ်းလျှောက်အလုပ် ဆင်းနေကြတာဖြစ်ပါတယ်'' လို့သယ် ယူပို့ဆောင်ရေးနဲ့ မူဝါဒရေးရာဌာန ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဂါဒီပေါ်လီက တိုင်းမ်အော့ဖ်အိန္ဒိယ သတင်းဌာနကိုပြောပါတယ်။ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်း အားဖြင့် လမ်းလျှောက်သွားသူတွေ အတွက် အထောက်အကူပြုမှုတွေ ဆောင်ရွက်ဖို့ လိုနေကြောင်းပြသလျက် ရှိနေတယ်လို့ဆိုပါတယ်။

International Trade News

Pages