အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေမြင့်မားနေချိန်မှာ လေ့လာဆန်းစစ်သူတွေက ရှေ့ အလားအလာကို သုံးသပ်

Thu, 11/19/2015 - 14:41 -- admin_ygn

နိုဝင်ဘာ ၁၂ ရက်မှာ ငွေကြေး မူဝါဒနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ပြော ရေးဆိုခွင့်ရှိသူ အတော်များများကသူတို့ရဲ့ သဘောထားအမြင်များကို ဖော်ပြခဲ့ပြီးနောက်ယခုနှစ်အကုန် နောင်နှစ် ဆန်းမှာ အမေရိကန် ဗဟို ဘဏ်က အတိုးနှုန်းကို တိုးမြှင့်ပေးမယ့်အလားအလာတွေနဲ့ပတ်သက်ပြီး ရင်း နှီးမြှုပ်နှံသူတွေနဲ့ လေ့လာဆန်း စစ်သူတွေက စဉ်းစားဖော်ထုတ်လာကြ ကြောင်း အိုင်ဘီတိုင်းမ်သတင်းမှာ ဖော် ပြထားပါတယ်။အလားတူ ထုတ်ပြန်လာတော့မယ့် အလုပ်လက်မဲ့ခံစားခွင့်တောင်းခံမှုအခြေအနေကိုသူတို့ကနားစွင့်နေကြ ပါတယ်။ဒါပေမယ့်  အောက်တို ဘာအလုပ်အကိုင်အခြေအနေကို ပြသတဲ့လစာစာရင်းနဲ့ဆိုင်တဲ့ ကိန်းဂဏန်း အခြေအနေတွေကအမေရိကန်စီးပွားရေး ကြံ့ခိုင်မှုရှိနေတာကို ပြသနေပါ တယ်။အမေရိကန် ပြည်ထောင်စု ရဲ့အတိုးနှု န်းက စံချိန်တင်နိမ့်ကျနေပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျနက်ယယ်လင်အပါအဝင် ဗဟိုဘဏ်တာဝန်ရှိသူတွေက ဒီဇင်ဘာမှာ အတိုးနှုန်းတွေ မြှင့်တင်ပေးဖို့ရည်ရွယ်ချက် ရှိကြောင်း မကြာသေးမီရက်သတ္တပတ်များက ပြောကြားထားပြီးဖြစ်ပါတယ်။ဒီဇင်ဘာမှာ အတိုးနှုန်းမြှင့်တင် ပေးရေးကိစ္စက ရှင်သန်နေတဲ့ အလား အလာအဖြစ်တင်စားပြီး " Live possibility" တစ် ခုဖြစ်ကြောင်း ကွန် ဂရက်ကော်မတီရဲ့ယခင်ရက်သတ္တ ပတ် ကြားနာစစ်ဆေးမှုမှာယယ်လင်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အတိုးနှုန်းမြှင့် တင် ပေးရေးကိစ္စက ''အလွန် ခိုင်မာကြောင်း '' ဆန်ဖရန်စစ္စကို ဗဟိုဘဏ်အကြီး အကဲကပြောပါတယ်။ဆယ်နှစ်နီးပါး   ကာလအတွင်း အမေရိကန်ဗဟိုဘဏ်က အခြေခံ အတိုးနှုန်းကိုမြှင့်တင်ပေးခြင်းမရှိခဲ့ဘဲ ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်း ကာလနောက်ပိုင်း သုည ရာခိုင်နှုန်းနီး ပါးနှုန်း ထိန်းပေးခဲ့ပါတယ်။

 

International Trade News

Pages