အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေးအစီအစဉ်များကို ချပြခဲ့ခြင်း

Wed, 01/03/2024 - 03:47 -- wtodep

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တိုကျိုမြို့၌ ကျင်းပသော အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူး ပေါင်းဆောင်ရွက်ရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေးအစီအစဉ်များကို ချပြခဲ့ပါသည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်အရ ယခုအစီအစဉ်ကို " အနာဂတ်စီးပွားရေးနှင့်လူ့မှုအဖွဲ့အစည်းအား ပူးပေါင်းဖန်တီးမည့် မိတ်ဖက်များ " ရည်မှန်းချက်ဖြင့် ဆွေးနွေးခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဦးစားပေးလုပ်ငန်းများအနက် တစ်ခုမှာ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး ခိုင်မာစေရေးဖြစ်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက အာဆီယံနှင့် ဂျပန်တို့သည် ဓာတ်မြေဩဇာထုတ်လုပ်သည့် နည်းပညာနှင့်လယ်ယာကုန်စည်များအပေါ် စံချိန်စံညွှန်းသတ်မှတ်ချက်များ တပြေးညီ ဖြစ်စေရေးတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် ရေရှည်ဖွံဖြိုးတိုးတက်ရေးကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်းပြောကြားခဲ့ သည်။

သမ္မတဂျိုကိုဝီဒိုဒိုက ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါ ပြောကြားခဲ့သည့် “ အာရှ ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်စင်တာ ” ထူထောင်ရန်အပါအဝင် အာဆီယံ၏ စွမ်းအင်ကူးပြောင်းမှုဖြစ်စဉ် အရှိန်အဟုန်ရရေးအတွက် ဂျပန်ကအကူညီပေးရန်၊ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုက ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရန်၊ ကာဗွန်နည်းပညာလွှဲပြောင်းရေး၊ ASEAN Green Supergrid နှင့် ကာဗွန် စီးပွားရေးအသုံးပြုနိုင်ရန်တို့ကို တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံဒီဂျစ်တယ်စီးပွားရေးသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံခန့်နှင့် ဆက်လက်တိုးတက်မည့် ခန့်မှန်းချက်များကြောင့် အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ဦးစားပေးအစီအစဉ်များတွင် ဒီဂျစ်တယ်ကူးပြောင်းမှု ဖြစ်စဉ်ပါဝင်ကြောင်း၊ လူ့စွမ်းအားရင်းမြစ် ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ဒီဂျစ်တယ်ဆက်သွယ်ရေး အခြေခံအဆောက် အဦတို့မှာ အဓိကဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ် စီးပွားရေးဂေဟစနစ်တွင် လိုက်ပါနိုင်ရန်၊ ဈေးကွက်ဝင်ရောက်နိုင်ရန်နှင့် အခက်အခဲများ ကြံ့ကြံ့ခံနိုင်ရန်တို့မှာ အရေးကြီးပါကြောင်း ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

Source: https://en-antaranews.com

International Trade News

Pages