အင်ဒိုနီးရှားနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မျှမျှတတဆောင်ရွက်ကြဖို့ဝန်ကြီး တိုက်တွန်း

Wed, 11/18/2015 - 13:20 -- admin_ygn

သဘာဝသယံဇာတတွေကို ရှာ ဖွေထုတ်လုပ်ရာမှာFreeport Mc- Moran Inc.သတ္တုတူးဖော်ရေး ကုမ္ပဏီ အပါအဝင်   နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များက အင်ဒိုနီးရှားနိုင်ငံအပေါ် မျှမျှ တတ   ဆောင်ရွက်ကြစေလိုကြောင်း ရေကြောင်းရေးရာ  ပေါင်းစပ်ညှိနှိုင်း ရေးဝန်ကြီး ရီဇာရမ်မလီက အောက်တို ဘာ ၁၃ ရက်က   ပြောကြားချက်ကို ကိုးကားပြီး  အင်တာရာနယူးစ် သတင်း မှာ ဖော်ပြပါတယ်။အမေရိကန်-အာဆီယံ   စီးပွား ရေးကောင်စီမှာFreeport McMoran ကုမ္ပဏီအပါအဝင် အမေရိကန်စီးပွား ရေးလုပ်ငန်းအမှုဆောင်များနဲ့ တွေ့ဆုံ တဲ့ အစည်း အဝေးမှာ  စွမ်းအင်နဲ့ သတ္တု သယံဇာတ    ဝန်ကြီးဌာနကိုလည်း တာဝန်ယူထားရသူ ရီဇာက ယခုကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။''ကျွန်တော်တို့က     မျှမျှတတ ဖြစ်ချင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို မျှမျှတတဆက်ဆံပြီး ပွင့်လင်းမြင်သာ မှုရှိစေလိုတဲ့ဆန္ဒရှိပါတယ်။ ဒီလိုမျှမျှတ တဆောင်ရွက်သွားရင်  အင်ဒိုနီးရှား နိုင်ငံမှာ   လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ အတွက်လည်း ကောင်း လိမ့်မယ်လို့     ကျွန်တော်ယုံကြည်ပါ တယ်''လို့ သူက ပြောပါတယ်။အထူးသဖြင့်Freeport  နဲ့ပတ် သက်ပြီး ပြောကြားရာမှာ အင်ဒိုနီးရှား နိုင်ငံ မှာ ဆောင်ရွက် လျက်ရှိတဲ့ စီးပွား ရေး အလေ့အကျင့်များကို  တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ရီဇာ က တိုက်တွန်းပါတယ်။
ကုမ္ပဏီက  အင်ဒိုနီးရှားအစိုးရ ကို ပေးသွင်းတဲ့  ခိုင်ကြေးကိုတိုးမြှင့်ဖို့၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ စွန့် ပစ်ရေ ထိန်းချုပ်မှုစနစ်ကို ဆောင်ရွက် ဖို့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သတ္တုအရည် ကျိုစက်များ  တည်ဆောက်ခြင်းဖြင့် ကုန်ကြမ်း   ထုတ်လုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို  ဖွံ့ဖြိုးတိုးတက်ေ အာင်  ဆောင်ရွက်ဖို့ သူ က တိုက်တွန်းပါတယ်။
''အခုကတည်းက Freeport    အနေနဲ့ အင်ဒိုနီးရှားအစိုးရရဲ့    ပန် ကြားချက်ကို     ဖြည့်ဆည်းပေးရင် သဘောတူစာချုပ်ကို အပြီးသတ်ချုပ် ဆိုဖို့ မဖြစ်နိုင်စရာ မရှိပါဘူး။ ဟိုအရင် ကတော့ ကန်ထရိုက်စာချုပ် သက်တမ်း တိုးဖို့ လုပ်တိုင်း အဆင်မပြေ မှုတွေဖြစ် တတ်ပါတယ် ''လို့ သူက ပြောပါတယ်။

International Trade News

Pages