အကြွေစေ့ကင်းစင်သောလူ့ အသိုက်အဝန်းဖြစ်ရန် တောင်ကိုရီးယားဗဟိုဘဏ်က တွန်းအားပေး

Mon, 01/25/2016 - 06:20 -- admin_ygn

ကိုရီးယားဗဟိုဘဏ်သည် အေကြွေစေ့ကင်းစင်သောလူ့အသိုက်အဝန်းတစ်ခုသို့ အသွင်ပြောင်းနိုင်ရေး အတွက် ယခုနှစ်တွင်အကြွေစေ့များအသုံးပြုမှုကိုလျှော့ချသွား မည်ဖြစ် ကြောင်း   ပြော ကြား သည်။ ဗဟိုဘဏ်၏အစီအစဉ်များအရ ငွေသားဖြင့်ပေးချေ သူများသည် ပြန်အမ်းငွေများကို အကြွေစေ့ များအဖြစ် လက်ခံရရှိမည်မဟုတ်ဘဲ ကတ်စနစ်ဖြင့်လက်ခံရရှိမည်ဟု တာဝန် ရှိသူများက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ဝမ် ၉ç၅၀၀ ကျသင့်ငွေအတွက် ဝမ် ၁၀,၀၀၀ ပေးလိုက်ပါက ဈေးရောင်း သူက ပြန်အမ်းငွေ ဝမ် ၅၀၀ ကို ဝယ်သူ၏ကတ်သို့ ချိတ် ဆက်ပေးပို့ပေးမည်ဖြစ် သည်။အကြွေစေ့များထုတ်လုပ်ရာ တွင် တစ် နှစ်လျှင် ဝမ်ဘီလီယံ ၅၀ထက် မနည်း အသုံးပြုနေရကြောင်း၊ ပြည်သူ များအနေဖြင့် ၎င်းင်းငွေများလည်ပတ်ရေး အတွက်ပေးနေရသည့် ကုန်ကျစရိတ် သည် ပမာဏ အတိုင်းအတာတစ်ခု အထိရှိကြောင်း ဗဟိုဘဏ်က ပြော ကြားခဲ့သည်။ အကယ်၍ ယခုကဲ့သို့ ကတ်စနစ်အားပြောင်းလဲမည် ဆိုပါက ဘဏ္ဍာရေးကဏ္ဍ၌သာမက  လူမှုအဖွဲ့ အစည်းတစ်ရပ်လုံးအနေဖြင့် မလိုလား အပ်သော ကုန်ကျစရိတ်များကို လျှော့ချ ချွေတာနိုင်မည်ဖြစ်သည်။ဗဟိုဘဏ်အနေဖြင့် နောက်ဆုံးရည် မှန်း ချက် ဖြစ်သည့် အကြွေစေ့ ကင်းစင်သောလူ့အသိုက် အဝန်းအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးစား မှုမှာ အပြောင်းအလဲတစ်ခု ဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းလဲနိုင်ရန် အတွက်လည်း ဥပဒေ အရ အခက်အခဲ များစွာရှိနိုင်သေးကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ဗဟိုဘဏ် အနေဖြင့် အကြွေစေ့ ကင်းစင်သောလူ့အသိုက်အဝန်းဖြစ်ပေါ် လာရေးကို ၂၀၂၀ ခုနှစ်တွင် စတင်အကောင် အထည်ဖော်နိုင်မည်ဟု ခန့်မှန်းကြောင်း လည်း ပြောကြားခဲ့သည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး
    မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages