လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်များမှ အကျိုးအမြတ်ရရှိဖို့ ဗီယက်နမ် အက်စ်အမ်အီးများအတွက် အထောက်အပံ့ လိုအပ်

Wed, 01/20/2016 - 06:32 -- admin_ygn

လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်များမှ အကျိုးအမြတ်များကို ပိုမိုရရှိအောင်ဆောင်ရွက်ရာမှာ ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကိုဗီယက်နမ် ြ ပည်တွင်းအသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်း(အက်စ်အမ်အီး)တွေ  သိရှိနားလည်ထားဖို့ လိုအပ် ပါတယ်။ ဒီလိုလုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်ေ တွ ရရှိနိုင်ဖို့ အက်စ်အမ်အီးတွေက ကြိုးပမ်း ဆောင်ရွက်ရာမှာ အစိုးရပိုင်ဆိုင်ရာရုံးများက အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း ဗီယက်နမ်နယူးစ်သတင်း မှာ ဖော်ပြပါတယ်။ေ အပက် အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ထုတ် ပြန်ချက်အရ အေပက်ဒေသအတွင်းမှာ ၂၀၁၄ ခုနှစ်အကုန် ထိ ပြုစုထားတဲ့   စာရင်းအရ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူ စာချုပ်ေ ပါင်း၁၄၈ ခုရှိခဲ့ရာ ၁၉၉၀ ခုနှစ်က အခြေ အနေနှင့် နှိုင်းယှဉ်ပါက အဆ ၂၀ တိုးတက်မြင့်မားခဲ့တာကို တွေ့ရပါတယ်။ လွတ်လပ်စွာ  ကုန်သွယ်မှုသဘောတူစာ ချုပ်တွေတည်ရှိနေတဲ့အ တွက် အေပက်ဒေသတွင်းမှာရှိတဲ့ ကုန်သွယ်မှု သဘောတူစာချုပ်တွေကို အောင်မြင်စွာ ချုပ် ဆိုနိုင်အောင် ဆောင်ရွက်ရာမှာကြီးမားတဲ့ ဂယက်ရိုက်ခတ် မှုကို ဖြစ်ပေါ်စေပြီး ကုန်သွယ်မှုဖွံ့ြ ဖိုးခဲ့ တဲ့ ပမာဏက ၂၀၀၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ ရှိရာမှ ၂၀၁၄ ခုနှစ်မှာဒေါ်လာ ၃ ဒသမ ၆ ထရီလီယံအထိတိုး တက်ခဲ့ပါတယ်။ကုမ္ပဏီကြီး များ၊ နိုင်ငံစုံ စီးပွားရေးအုပ်စုများနဲ့ စီးပွား ရေးလုပ်ငန်းတွေက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်များကြောင့်ရရှိမယ့်  စီးပွားရေးအခွင့်အလမ်းတွေကိုရရှိအောင် စွမ်းဆောင်နိုင်တဲ့ စွမ်းရည်ရှိ တဲ့ သူြ ဖစ်လို့ သူတို့ အတွက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေအမြောက်အမြားရနိုင် ကြောင်း စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ငုယင်ကမ်တူက ယခင်ရက်သတ္တပတ်က ဟနွိုင်း မြို့မှာ ပြုလုပ် တဲ့ဆွးနွေးပွဲတစ်ခုမှာ ပြောပါတယ်။

International Trade News

Pages