ရေရှည်တည်တံ့နိုင်မယ့် ရေနံဈေးနှုန်းချမှတ်ဖို့ ပင်လယ်ကွေ့ နိုင်ငံများကို အိုင်အမ်အက်ဖ်တိုက်တွန်း

Thu, 11/19/2015 - 14:50 -- admin_ygn

ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများက နှစ်ပေါင်းများစွာဆက်လက်ကျဆင်းနေ ဦးမှာဖြစ်တဲ့အတွက်အခြေအနေနဲ့ ကိုက်ညီအောင်ဘတ်ဂျက်များကို ရေးဆွဲထားကြဖို့ အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အကြီးအကဲ ခရစ္စတင်းလားဂတ်က နိုဝင်ဘာလ ၈ ရက်နေ့ကသတိပေးပြော ကြားကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါ တယ်။ပင်လယ်ေ ကွ့နိုင် ငံများ က ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကို ဆက်လက်မှီခိုနေ လို့    ရနိုင်တော့မှာ   မဟုတ်ကြောင်း ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (ဂျီစီစီ)  ဝင်နိုင်ငံခြောက်နိုင်ငံမှ ဝန်ကြီးများ၊ အရာရှိများနဲ့ ကာတာနိုင်ငံ မြို့တော်ဒိုဟာမြို့မှာ ဆွေးနွေးပွဲကျင်းပ ပြီးနောက်လားဂတ်ကသတိပေးပြော ကြားခဲ့ပါတယ်။''ရေနံစိမ်းဈေးနှုန်းတွေက လက်ရှိ ရှိနေတဲ့ အတိုင်း     နှစ်ပေါင်းများ စွာ ဆက်လက်   တည်ရှိနေဦးမှာဖြစ်တဲ့ အတွက်    ဂျီစီစီအဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးညှိနှိုင်းမှုတွေကို အဆင့်တစ် ခုအထိ ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ် တယ်လို့ယုံကြည်ပါတယ် ''လို့ သတင်း စာရှင်းလင်းပွဲမှာ လားဂတ်ကပြောပါ တယ်။ဂျီစီစီ အဖွဲ့ဝင်နိုင်ငံများရဲ့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုက   ယခုနှစ် မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းရှိရာမှ  ၂၀၁၆ ခုနှစ် မှာ ၂ ဒသမ ၇ ရာခို င်နှုန်းအထိ ကျ ဆင်းမယ်လို့ အိုင်အမ်အက်ဖ်က ယုံ ကြည်ကြောင်း လားဂတ်က ပြောပါ တယ်။ စွမ်းအင်ဈေးနှုန်းတွေ ကျဆင်း မှုကြောင့် ပို့ကုန်မှဝင်ငွေက ၂၀၁၄ ခုနှစ်နဲ့  နှိုင်း ယှဉ် ရင်နိမ့် ကျပြီး ယခုနှစ်မှာ အမေရိကန်ဒေါ်လာ၂ ဒသမ ၇၅ ဘီလီယံ(ယူရို ၂၅၆ ဘီလီယံ) ရှိကြောင်း သူမကပြောပါတယ်။ရေနံစိမ်းဈေးနှုန်းတွေက ၂၀၁၄ ခုနှစ်နှစ်စမှ ယခုချိန်အထိ ထက်ဝက်ေ ကျာ် ကျဆင်းခဲ့ပြီးရေနံစိမ်းအတွက် အပြည် ပြည်ဆိုင်ရာ အခြေခံစံထားဈေးနှုန်း ဖြစ်တဲ့   ဘရင့်ရေနံစိမ်းရဲ့   ဒီဇင်ဘာ အတွက် စာချုပ်ဈေးက နိုဝင်ဘာလ ၉ ရက်နေ့မှာ တစ်စည်ကို ၄၇ ဒသမ ၄၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ဘဏ္ဍာရေးညှိနှိုင်းမှုလုပ်ငန်းများတွင် အထူးသဖြင့် အစိုးရအသုံးစရိတ် ကိုတင်းကျပ်စွာထိန်းချုပ်ခြင်းနဲ့  ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုကို အားပေး ဖို့ဖြ စ် ကြောင်း နဲ့     ညှိနှိုင်းဆောင်ရွက်ရမယ့် အတိုင်းအဆ   ပမာဏက နိုင်ငံအလိုက် ကွဲပြားနိုင်တယ်လို့ ဆိုပါတယ်။

International Trade News

Pages