မိုးခေါင်ခြောက်သွေ့မှု၊ မီးနဲ့ မီးခိုးမြူများ ဖြစ်ပေါ်နေသော်လည်း စားအုန်းဆီထုတ်လုပ်မှု အရှိန်မြင့်တက်

Fri, 11/20/2015 - 10:49 -- admin_ygn

ပူပြင်းခြောက်သွေ့မှု၊ မီးနဲ့မီးခိုးမြူများကြောင့် မလေး ရှားနဲ့ အင်ဒိုနီးရှားမှာရှိတဲ့ စားအုန်းဆီခြံတွေမှာ  အကျပ် အတည်းတွေဖြစ်ပေါ်ခဲ့ပေမယ့်    စားအုန်းဆီထုတ်လုပ်မှုက မြင့်တက်နေပြီး လက်ကျန်တွေလည်း  အများအပြား ရှိနေ ကြောင်း ဝေါလ်စထရိဂျာနယ်မှာ ဖော်ပြပါတယ်။ကမ္ဘာမှာ  စားအုန်းဆီထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ ဒီနှစ်နိုင်ငံမှာ ထုတ်လုပ်မှု  နှေးကွေးကျဆင်း မယ့် လက္ခဏာကို မတွေ့ရပါဘူး။ အင်ဒိုနီးရှားရဲ့   အောက်တိုဘာတင်ပို့မှု ယခင် လနဲ့နှိုင်းယှဉ်ရင်   ကိုးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အင်ဒို နီးရှား စားအုန်းဆီထုတ်လုပ်ရေးအသင်း က ပြောပါ တယ်။မလေးရှားနိုင်ငံရဲ့ အောက်တိုဘာ  စားအုန်းဆီထုတ် လုပ်မှုက မက်ထရစ်တန်  နှစ်သန်းထိရောက်ရှိခဲ့တဲ့အတွက် စက်တင်ဘာနဲ့နှိုင်းယှဉ်ရင် ၄ရာခိုင်နှုန်း၊ ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၇ ဒသမ ၆  ရာခိုင်နှုန်း ပိုမိုမြင့်တက်ပါတယ်။ စားအုန်းဆီ  သိုလှောင်လက်ကျန်က ယခင်လနဲ့နှိုင်းယှဉ်ရင် ၇ ဒသမ ၃ ရာခိုင်နှုန်း၊ ယခင်နှစ်ကာလတူနဲ့ နှိုင်း ယှဉ် ရင် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းမလေးရှား  ရေနံဘုတ်အဖွဲ့ စာရင်းများအရသိရပါတယ်။အယ်နီညိုရာသီဥတု သွင်ပြင်လက္ခဏာက စားအုန်းဆီထွက်နှုန်းကို နိမ့်ကျစေမယ့် အထိ ပြင်းထန်မယ့် အခြေအနေ ရှိပေမယ့် သိုလှောင်လက်ကျန်  မြင့်တက်နေမှုကလည်း ဈေး နှုန်းမြင့်တက်စေမယ့် အလားအလာကို အဟန့်အတားဖြစ်စေ နိုင်ပါတယ်။
ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလအတွက် စားအုန်းဆီကန်ထရိုက် စာချုပ်ဈေးက မက်ထရစ် တစ်တန်ကို ၂၃၃၀ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၃၂) နှုန်း   ဖြစ်တဲ့ အတွက် ၅၂ ရင်းဂစ်နှုန်း  ကျဆင်းပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်တဲ့ သြဂုတ်လနဲ့ နှိုင်း ယှဉ်ရင် ထူးထူးခြားခြားမြင့်တက် နေဆဲဖြစ်ပါတယ်။နိုဝင်ဘာလ ၁၂ ရက်ေ န့က စားအုန်းဆီရောင်းချရတဲ့ ပမာဏက ၂၅တန်ရှိ အတွဲ ၃၅၆၇၄ တွဲရှိခဲ့တဲ့အတွက် တစ် ရက်ပျမ်းမျှရောင်းချရတဲ့ အတွဲ  ၃၅၀၀၀ အတွဲထက် အနည်း ငယ်သာလွန်နေပါတယ် ။စားအုန်း ဆီ   အနိမ့်ဆုံးဈေးက တစ်တန်ကို ၂၃၁၉ ရင်းဂစ်အထိရှိနိုင်ပြီး   ဆက်ကျမယ်ဆိုရင် ၂၂၃၂ ရင်းဂစ် အထိ   ရှိနိုင်ကြောင်း ရိုက်တာမှ ဈေးကွက်ဆန်း စစ်ရေး မှူး ဝမ်တာအို က ပြောပါ တယ်။သမိုင်းစဉ်ကို ပြန်ကြည့်ရင် အယ်နီညိုဖြစ်တဲ့နှစ်တွေမှာ စားအုန်းဆီဈေးက အဆမတန်မြင့်တက်ခဲ့ပါ တယ်။ အယ်နီ ညိုဖြစ်ခဲ့တဲ့ ၂၀၀၆ခုနှစ်က ၄၀ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါ တယ်။ စားအုန်းဆီနဲ့ ပျော့ဖတ်ထုတ်လုပ်တဲ့ သစ်ပင်တွေပြန် လည်စိုက်ပျိုးဖို့အတွက် ခြံလုပ်ငန်းပိုင်ရှင်တွေက မြေရှင်းလင်း တဲ့အနေနဲ့ တောတွေကို မီးရှို့ခဲ့တဲ့အတွက် မလေးရှားနဲ့ အင်ဒို နီးရှား မှာ အခက်အခဲတွေတွေ့ရပေမယ့် စားအုန်းဆီထုတ်လုပ် မှုက ပုံမှန်အတိုင်းဖြစ်နေပါတယ်။ မီးကြောင့်ဖြစ်ရတဲ့ ထိခိုက် မှုတွေက အယ်နီညိုကြောင့် ပိုမိုဆိုးရွားခဲ့ပါတယ်။အမေရိ ကန်  ပဲပုပ်ဆီရဲ့  ဒီဇင်ဘာဈေးက သုည ဒသမ ၃ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်ဒါလီယံ   ကုန်စည်ဒိုင်မှာ ပဲပုပ်ဈေးက သုညဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပါတယ်။

ဉာဏ်တင်

 

International Trade News

Pages