ဗီယက်နမ်ရော်ဘာလုပ်ငန်း ၂၁ ခုက ဗီယက်နမ်ရော်ဘာအမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ခဲ့ကြခြင်း

Tue, 01/02/2024 - 03:58 -- wtodep

ဉာဏပစ္စည်းဆိုင်ရာ အကာအကွယ်ရရှိရန်အတွက် ဗီယက်နမ်ရော်ဘာလုပ်ငန်း ၂၁ ခုသည် တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဗီယက်နမ်ရော်ဘာ ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ခဲ့ကြပါသည်။

ဗီယက်နမ် ရော်ဘာအသင်းက ကုန်အမှတ်တံဆိပ်ကြောင့် အဆိုပါလုပ်ငန်းများ၏ ထုတ်ကုန် ၉၆ မျိုးမှာ ယုံကြည်မှုပိုမိုရရှိ စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရော်ဘာအသင်း ဥက္ကဋ္ဌ Tran Ngoc Thuan က ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဗီယက်နမ် ရော်ဘာတင်ပို့မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ဟု ခန့်မှန်းထားကာ ရော်ဘာထုတ်ကုန်များမှာ ၃.၉ ဘီလီယံ ၊ ရော်ဘာစိမ်းမှာ ၂.၅ ဘီလီယံနှင့် ရော်ဘာသစ်သားမှာ ၁.၈ ဘီလီယံကျော် ပါဝင်သည်ဟုဆိုသည်။

သဘာဝရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း(Association of Natural Rubber Producing Countries - ANRPC) က ၂၀၂၃ ခုနှစ်တွင် သဘာဝရော်ဘာထုတ်လုပ်မှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တန်ချိန် ၁၄.၉၂၇ သန်းအထိရှိနိုင်ပြီး ပြီးခဲ့သည့်နှစ်ထက် ၂.၃ % တိုးတက် ကာသုံးစွဲမှုသည် တန်ချိန် ၁၅.၇၅ သန်း နှင့် ပြီးခဲ့သည့်နှစ်ကထက် ၀.၂ % တိုးတက်မည်ဟု ခန့်မှန်းထားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်ရော်ဘာအသင်းသည် ၂၀၃၀ ပြည့်နှစ်တွင် စားသုံးသူများ၏ ယုံကြည်မှုအပြည့်အဝ ရရှိစေရန် ရည်မှန်းချက်ဖြင့် စီမံကိန်းများချမှတ်ဆောင်ရွက်ရာတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဗီယက်နမ်ရော်ဘာ အမှတ်တံဆိပ် စတင်ခြင်းနှင့် ပုံရိပ်ကောင်းရရှိစေရန် စီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.thestar.com.

International Trade News

Pages