ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရန် ပျက်ကွက်သည့် ဗီးနပ်စ်ဝီလျံအား ဒဏ်ငွေ ပေါင် ၃၅၀၀ ပေးဆောင်ရန် အမိန့်ချမှတ်

Thu, 01/28/2016 - 04:16 -- admin_ygn

သြစတြေးလျအိုးပင်းတင်းနစ် ပြိုင်ပွဲ၏ လက်ရည်စစ်ပြိုင်ပွဲတစ်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံသည် ပြိုင်ပွဲအပြီးပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲသို့တက်ရောက်လာခြင်းမရှိသည့်အတွက်အပြည်ပြည်ဆိုင်ရာတင်းနစ် အဖွဲ့ချုပ်က ဒဏ်ငွေ ပေါင် ၃၅၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ တွင်ကျင်းပလျက်ရှိသည့် သြစီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်မှတင်းနစ် ချန်ပီယံ ဂျိုဟန်နာကွန်တာကိုလက်ရည် စစ်ပြိုင်ပွဲတွင်ပင် နှစ်ပွဲတစ်ပွဲဖြင့် ရှုံးနိမ့် ခဲ့သည်။ ယင်းသို့ရှုံးနိမ့်ခဲ့သဖြင့် ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခြင်းမပြုဘဲ ပြိုင်ပွဲကွင်း အတွင်းမှပင် တည်းခိုရာဟိုတယ်သို့ ပြန်သွား ခဲ့သဖြင့်အပြည်ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ ချုပ်ကယခုကဲ့သို့ ပြစ် ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ဗီးနပ်စ်ဝီလျံသည်ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့်ပြင်သစ်အိုးပင်းတင်း နစ် ပြိုင်ပွဲတွင်လည်းတစ်နိုင်ငံတည်းသားပြိုင်ဘက်ဆာလိုနီစတီဖင် ကို ရှုံး နိမ့်ခဲ့သဖြင့်  ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် ခြင်းမပြုခဲ့ပေ။ ထိုစဉ်ကလည်း ဗီးနပ်စ်ဝီလျံအား အပြည်ပြည်ဆိုင်ရာတင်းနစ် အဖွဲ့ချုပ်က ဒဏ်ငွေ ပေါင် ၃၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
ဗီးနပ်စ်ဝီလျံကို အနိုင်ရရှိခဲ့သည့် တင်းနစ်မယ် ကွန်တာသည်  ကမ္ဘာ့ အဆင့် ၄၇တွင်ရပ်တည်နေသူတစ်ဦး ဖြစ်သည်။

International Trade News

Pages