နောင်နှစ်နှစ် သုံးနှစ်ခန့်အကြာတွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူနိုင်မည်ဟု သုံးသပ်

Mon, 01/18/2016 - 08:34 -- admin_ygn

တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးသည် နောင် နှစ်နှစ်နှင့် သုံးနှစ်အတွင်းတွင်  လက်ရှိကျဆင်းနေသည့် အခြေအနေမှ ပြန်လည်နာလန်ထူနိုင်လိမ့်မည်ဟု  အဓိ စီးပွားရေးလုပ်ငန်းစု များက  မျှော်လင့်ကြသည်။  ယခု နှစ်တွင် စီးပွားရေးလုပ်ငန်းများ အနေဖြင့်  ၎င်းင်းတို့၏ လုပ်ငန်းများ  အကောင်အထည်ဖော်ရာတွင်  တရုတ် နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းနှေးကွေး မှုသည် အဓိက အချက်အနေဖြင့် အကြီးမားဆုံး အကျိုးသက်ရောက် လျက်ရှိသည်။တရုတ်ငွေကြေးတန်ဖိုး  ကျဆင်းခြင်းနှင့် တရုတ်နိုင်ငံ  စတော့ဈေးကွက် ရုတ်တရက် ဈေးကျခြင်း စသည့်  တရုတ်နိုင်ငံ၏စီးပွားရေးကို ပိုမိုအေးစက် စေသည့် အချက်များသည် ကိုရီးယားနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။ စီးပွားရေး မသေချာမှု များ ရှိသော်လည်း ကိုရီးယားနိုင်ငံ ၏ ကုမ္ပဏီကြီးများသည်  ၎င်းင်းတို့၏ ရင်းနှီးမြှုပ်နှံမှုအသစ် များနှင့်  အလုပ်အကိုင်အခွင့်အလမ်းများကို တိုးမြှင့် နိုင်ရေး ဆောင်ရွက်ကြ မည်ဟု ပြောကြား ခဲ့သည်။ဟွန်ဒိုင်းသုတေသနအဖွဲ့သည်  လျှပ်စစ်၊ မော် တော်ကား၊ သံမဏိ၊ သဘောၤတည်ဆောက်ခြင်း၊  ဓာတု လောင်စာဆီ၊  ဖြန့်ဖြူးခြင်းလုပ်ငန်း၊   သတင်းအချက် အလက် နည်းပညာ လုပ်ငန်းစသည့်  အဓိကစက်မှုလုပ် ငန်းများတွင်  ကြီးမားသည့် ထုတ်လုပ်မှုလုပ်ငန်းပေါင်း ၇၉ ခုကို  စစ်တမ်းကောက်ယူခဲ့၍  ပြည်တွင်း  စီးပွား ရေးကို  အကျိုးသက်ရောက်မှု အရှိဆုံး အရာကို မေးမြန်း ခဲ့ရာ ပြန်လည်ဖြေကြားသူများ ၏ ၂၃ ဒသမ ၁ ရာခိုင် နှုန်းသည်  တရုတ်နိုင်ငံစီးပွားရေးအခြေ အနေကြောင့်ဟုဖြေကြားခဲ့ပြီး၊ ၂၁ ဒသမ ၇ ရာခိုင်နှုန်း က အိမ်ထောင် စု ကြွေးမြီများ  တစ်ဟုန်ထိုးကြီးမားလာခြင်းဟုလည်း ကောင်း၊ ၁၄ ဒသမ ၇ ရာခိုင်နှုန်းက စီးပွားရေ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားခြင်းကြောင့် လည်းကောင်း  ဖြေကြား ခဲ့ကြသည်။   ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှု အကြောင်း ရင်းအဖြစ် တရုတ်နိုင်ငံ၏  အချက်အလက်များကို အများဆုံး ထောက်ပြကြပြီး၊  အမေရိကန်နိုင်ငံ အတိုး နှုန်းများ မြင့်မားလာခြင်းကြောင့် ဟု လည်း  ဖြေကြား ခဲ့ကြသည်။ကိုရီးယားနိုင်ငံ၏  လုပ်ငန်း ၅၃ ရာခိုင်နှုန်း က ယခုနှစ်တရုတ်နိုင်ငံ၏  စီးပွားရေးတိုးတက်မှုသည် ယမန်နှစ်ကထက်  ပိုမိုနှေးကွေးလိမ့်မည်ဟု ယုံကြည် ကြသည်။ တိုးတက်မှုနှေးကွေးနေသည့် တရုတ်နိုင်ငံ စီးပွားရေးကြောင့် ကိုရီးယားနိုင်ငံ စီးပွားရေး နာလန်ထူ မှုသည် ၂၀၁၈ အလွန်ပိုင်းမှ ကိုရီးယားနိုင်ငံ စီးပွားရေးပြန် လည်နာလန် ထူလာနိုင်လိမ့်မည်ဟု လုပ်ငန်း ၄၃ ဒသမ ၄ ရာခိုင်နှုန်းက ဖြေကြားခဲ့သည်။  ဝမ်-ဒေါ်လာ ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ဝမ် ၁၁၀၀ မှ ၁၂၀၀ကြားနှုန်းရှိလိမ့်မည်ဟုခန့်မှန်း ကြပြီး၊ ယခုနှစ်ကိုရီး ယားနိုင်ငံတိုးတက်မှုနှုန်းသည်လည်း  ၂ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်နိမ့်နိုင်သည် ဟုခန့်မှန်းကြသည်။စစ်တမ်းကောက်ယူရာတွင် ပြန်လည်ဖြေကြားသူ၏ တစ်ဝက် နီးပါးသည်  တောင်ကိုရီးယားနိုင်ငံဥပဒေပြု အဖွဲ့ဖြစ်သည့်     လွှတ်တော်အနေဖြင့်   အလုပ်သမားဆိုင်ရာပြုပြင်ပြောင်းလဲမှုကို သဘောမတူညီခြင်းကို အဆင့်   D , E  အဖြစ် သတ်မှတ် ကြသည်။ အရေးပေါ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်  ကဏ္ဍအနေဖြင့် နိုင်ငံရေးအသိုင်းအဝိုင်းဖြစ်သည်ဟုလည်း ထောက်ပြ ပြောဆိုကြသည်။  ခက်ခဲသည့် စီးပွားရေးဝန်းကျင် များ အကြား  ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများမှာတိုးတက်လျက်ရှိပြီး ၎င်းင်းတို့ အနေ ဖြင့် စက်ရုံတည်ဆောက်ခြင်းနှင့်  ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းကို ပိုမို လုပ်ဆောင်ရန်ဆန္ဒရှိကြ သည်ဟုသုတေသနပညာရှင်များက  ပြောကြားကြသည်။  ပိုမို စနစ်ကျသော အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေး ဆိုင်ရာ အထောက် အပံ့များနှင့်  သိသာထင်ရှားသည့် စည်း မျဉ်းပြောင်းလဲမှုများ လိုအပ်နေကြာင်းလည်း ပြောကြားခဲ့သည်။

    ခင်မျိုးသော်၊ စီးပွားရေးသံမှူး
    မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages