ထိုင်းနိုင်ငံ၏ မူဝါဒအတိုးနှုန်းကို ၁ ဒသမ ၅၀ ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်

Fri, 11/20/2015 - 11:12 -- admin_ygn

 အစိုးရ၏ စီးပွားရေး လှုံ့ဆော်မှု စီမံချက်များသည် စီးပွားရေးတိုးတက်မှု အတွက် စတင်အထောက်အကူပြုနေပြီ ဖြစ်ကြောင်း၊ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန် များနှ င့် အိမ်ရာမြေကဏ္ဍများအတွက် စီမံချက် များ/အစီအစဉ်များသည် စတင်အကျိုး သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း သိရှိရ ပါသည်။ထိုင်းနိုင်ငံ ဗဟိုဘဏ် ၏ ငွေကြေး မူဝါဒကော် မတီသည် နိုဝင်ဘာလ ၄ ရက်နေ့၌ ကျင်းပခဲ့သော အစည်းအဝေး တွင် မူဝါဒအတိုးနှုန်းကို ၁ ဒသမ ၅၀ ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသည် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌသစ်Mr. Veerathai Santipraphob ၏ ဦးဆောင်မှုဖြင့် ပထမဆုံးအကြိမ်ကျင်းပ သော အစည်းအဝေးဖြစ်ပါသည်။ထိုင်းနိုင်ငံ၏ စီးပွားရေး သည် (ကြာရှည်မခံသော ကုန်စည်များအတွက်) ပြည်တွင်းသုံးစွဲမှုနှင့်ပုဂ္ဂလိကရင်းနှီးမြှုပ် နံှမှုအနည်းငယ် တိုးတက်ကောင်းမွန်ခြင်း ကြောင့် ပြန်လည်နာလန်ထူလာပြီဖြစ်ပါ သည်။
လောလောဆယ်တွင် ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ ယခုနှစ်စီးပွားရေး တိုးတက် မှုနှုန်း ခန့်မှန်းချက်မှာ ၂ ဒသမ ၇ ရာခိုင် နှုန်းဖြစ်သော်လည်း ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် ကျင်းပမည့် အစည်းအဝေး၌ ၎င်းင်း၏ခန့်မှန်းချက်ကို ပြင်ဆင်ဖွယ်ရှိ ကြောင်းသိရှိရပါသည်။

ရီရီမွန် ၊စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages