တေးဂီတထုတ်လွှင့်ခွင့်နှင့်ပတ်သက်၍ Apple ကို ဥရောပသမဂ္ဂကော်မရှင် (European Commission-EU) ကယူရိုသန်း ၅၀၀ ဒဏ်ငွေရိုက်သွားမည်ဖြစ်

Mon, 02/26/2024 - 07:21 -- wtodep

Apple ကို တေးဂီတထုတ်လွှင့်ခွင့် (music streaming services) ဥပဒေအား ချိုးဖောက်သည်ဟု ဆိုကာ ဥရောပသမဂ္ဂကော်မရှင် (European Commission-EU) က ယူရိုသန်း ၅၀၀ ဒဏ်ငွေ ရိုက် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဒဏ်ကြေးငွေသည် အမေရိကန်နည်းပညာကုမ္ပဏီအပေါ် EU ၏ ပထမဆုံးဒဏ်ခတ်မှုဖြစ်ပြီး မတ်လအစောပိုင်းတွင် ကြေညာလာနိုင်ဖွယ်ရှိကြောင်းကို Financial Times-FT သတင်းဌာနက ထုတ်ပြန်ထားပါသည်။

IPhone/ IPad သုံးစွဲသူများအနေဖြင့် ဈေးသက်သာသော တေးဂီတများကို စာရင်းပေးဝယ်ယူခြင်း (subscribe) မလုပ်နိုင်စေရန် Apple က အပလီကေးရှင်းရေးဆွဲသူများအား စာချုပ်ဖြင့် တားမြစ် ခြင်း ရှိ/မရှိကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ပါသည်။ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက music streaming ကုမ္ပဏီတစ်ခုဖြစ်သည့် Spotify က ဥရောပကော်မရှင် သို့ တိုင်ကြားချက်ဖွင့်ပြီးနောက်ပိုင်း ဖြစ်ပွားခြင်းဖြစ်ပါသည်။

အစီရင်ခံစာအရ Apple ၏ လုပ်ဆောင်ချက်များသည် တရားမဝင်ကြောင်းနှင့်EU ၏ ယှဉ်ပြိုင်မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေကြောင်း၊ Apple အနေဖြင့် သုံးစွဲသူများအား App Store ပြင်ပရှိ ဈေးသက်သာသောအခြား music streaming app များနှင့်စပ်လျဉ်း၍ အကြောင်းကြားမှုကို တားဆီးထားမည်ဆိုပါက ၎င်းကို တားမြစ်ပိတ်ပင် သွားမည်ဖြစ်ကြောင်း EU အမှုဆောင်အဖွဲ့၏ ပြောကြားချက်ကို သတင်းစာများတွင် ဖော်ပြထားသော်လည်း ကော်မရှင်ဘက်က တစ်စုံတစ်ရာ ပြောကြားခြင်းမရှိခဲ့ပါ။

(ဥရောပသမဂ္ဂကော်မရှင်သည် Apple က ဈေးကွက်အတွင်းလွှမ်မိုးခြင်းကို အလွန်အကျွံ အသုံးချမှု ရှိ/မရှိ နှင့် Apple App Store ပေါ်ရှိ အခြားသော app developer များ၏ music streaming apps များကို သုံးစွဲခြင်းအတွက် ဝန်ဆောင်ခပိုမိုပေးဆောင်ရမှုအပေါ် နစ်နာမှုရှိ/မရှိတို့ကို ဈေးကွက် လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး (Antitrust) ၏လုပ်ငန်းစဉ်များနှင့်အညီ စုံစမ်းစစ်ဆေးခဲ့ပါသည်။)

Source: https://www.politico.eu/article/eu-to-fine-apple-e500m-over-music-streaming-report/

International Trade News

Pages