တောင်ကိုရီးယားလူမျိုးများ၏ အလုပ်ချိန်များ ရှည်ကြာသော်လည်း ကုန်ထုတ်လုပ်မှု နည်းပါး

Wed, 11/18/2015 - 13:18 -- admin_ygn

၂၀၁၄ ခုနှစ်တွင်ကိုရီးယားလူမျိုးများသည် တစ်နှစ်လျှင် ၂ç၁၂၄ နာရီ အလုပ်လုပ်ကြ သည့်အတွက် အိုအီးစီဒီနိုင်ငံများ၏ပျမ်းမျှစံနှုန်းအရ ဒုတိယအများဆုံး အလုပ်ချိန်ဖြစ်ကြောင်း နိုဝင်ဘာ လ ၂ ရက်နေ့က ထုတ်ပြန်သည့် စာရင်းများ အရ သိရှိရ သည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံကို စာရင်း ကောက်ယူရာတွင် ကိုရီးယားသည် မက္ကဆီကို၏ တစ်နှစ်အလုပ်ချိန် ၂ç၂၂၈ နာရီပြီးလျှင် ဒုတိယအလုပ်ချိန် အရှည်ကြာဆုံးနိုင်ငံဖြစ်သည်။ အိုအီးစီဒီ၏ ပျမ်းမျှစံနှုန်း သည် ၁ç၇၇၀ နာရီဖြစ်ရာ ကိုရီးယားသည် ၃၅၄ နာရီပို၍ အလုပ် လုပ်သည့် သဘောဖြစ်သည်။
၂၀၀၇ ခုနှစ်တိုင်အောင် ကိုရီးယား လူမျိုးများသည် ရှည်ကြာစွာ အလုပ် လုပ်ကြပြီး ၂၀၀၀ ပြည့်နှစ်တွင် အရှည်ကြာဆုံး အလုပ်ချိန် ၂ç၅၁၂နာရီရှိခဲ့ သည်။ ယင်း ကဲ့သို့ ရှည်ကြာသည့် အလုပ်ချိန်ရှိ ခြင်းမှာ ကိုယ်ပိုင်လုပ်ငန်းလုပ် ကိုင်သူများသည် အနားယူမှု သိပ်မရှိဘဲ လူအချို့သာလျှင် အချိန်ပိုင်းအလုပ် များကို လုပ်ကိုင်ကြခြင်း ကြောင့် ဖြစ်ကြောင်း၊ ကိုရီးယား အလုပ် သမားဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ လုပ်သားများ၏ ကုန်ထုတ်လုပ်မှုပမာဏ တွင်မူ ကိုရီးယားသည် အိုအီးစီဒီနိုင်ငံ များကြားတွင် အောက်ခြေအဆင့်တွင်ရှိ သည်။ နာရီလိုက် ကုန်ထုတ်လုပ်မှုပမာဏ တွင် ကိုရီးယားသည် အဆင့် ၂၈ တွင်ရှိ ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၄ သာတစ်နာရီအတွင်း ပျမ်းမျှ ထုတ်လုပ်နိုင်သည်။ အမေရိကန် ပြည်ထောင်စုတွင် တစ်နာရီလျှင် ဒေါ်လာ ၆၅ ဒသမ ၁ နှင့်ပြင်သစ်တွင် ဒေါ်လာ ၆၀ ဒသမ ၆ နှင့်ဂျာမနီသည် ဒေါ်လာ ၅၉ ဒသမ ၂ အသီးသီး ထုတ်လုပ်နိုင်ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊  ဆိုးလ်မြို့

 

International Trade News

Pages