ဆန်တန်ချိန် ၁.၅ သန်း ထပ်မံတင်သွင်းမည့် အင်ဒိုနီးရှားနိုင်ငံ

Wed, 10/18/2023 - 04:32 -- wtodep

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းသိုလှောင်မှုတိုးမြင့်ရန် ဆန်တန်ချိန် ၁.၅ သန်းထပ်မံတင်သွင်း မည်ဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းဌာန အန်တာရာက ဖော်ပြထားပါသည်။

အင်ဒိုနီးရှားနိုင်ငံ (ခေတ္တ)လယ်ယာစိုက်ပျိုးရေးဝန်ကြီးAriefPrasetyo Adi ကအဆိုပါဆန်ကို အရန်အစီအစဉ်အဖြစ် တင်သွင်းခြင်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအစိုးရပိုင်စားနပ်ရိက္ခာ သယ်ယူ ပို့ဆောင်ဖြန့်ဖြူးရေးကုမ္ပဏီ Bulog ၏ဆန်သိုလှောင်မှုအတွက် တင်သွင်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီးယခုနှစ်ကုန်ပိုင်းတွင် တင်သွင်းမှုပြီးစီးနိုင်ခြင်းရှိ/ မရှိကိုမူကုန်ချချိန် လိုအပ်ချက်အရ ပြောကြားခဲ့ခြင်းမရှိပါ။

ခေတ္တဝန်ကြီးကသင်္ဘောတစ်ခါတင် ဆန်တန်ချိန် နှစ်သိန်းခုနှစ်သောင်းကို ကုန်ချရန်မှာစိန်ခေါ် မှုဖြစ်ပြီး အနည်းဆုံး ၆ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ၊ Bulogနှင့် အစိုးရပိုင်ဆိပ်ကမ်း ရှင်းလင်းရေး Pelindoတို့အား ကုန်ချချိန်ပိုယူရန် မှာကြားထားကြောင်း၊ သွင်းကုန်ပါမစ်အတွက် အခြားဝန်ကြီးဌာနများဖြစ်သော စီးပွားရေးရာဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီကအယ်နီညိုကြောင့် နိုင်ငံ၏ ဆန်ထုတ်လုပ်မှုကျဆင်းခဲ့ကြောင်း၊ သဘာဝဖြစ်စဉ်အယ်နီညိုကြောင့် အင်ဒိုနီးရှားအပါအဝင် အာရှတိုက်နိုင်ငံများအတွင်းရေကြီးမှုနှင့် အပူရှိန်ပူပြင်းထန်မှုတို့ဖြစ်ပေါ်စေကာစားနပ်ရိက္ခာထုတ်လုပ်မှုတွင် အခက်အခဲများဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။

ရိုက်တာသတင်းဌာနကအင်ဒိုနီးရှားသည် ထပ်မံတင်သွင်းမည့် ဆန်တန်ချိန် ၁.၅ သန်းအနက် ဗီယက်နမ်နှင့်ထိုင်းတို့မှ ဆန်တန်ချိန် ကိုတာ ၆ သိန်းတင်သွင်းမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လ အာဆီယံထိပ်သီးအစည်းအဝေးတွင် သမ္မတဂျိုကိုဝီကတရုတ်မှ တင်သွင်းရန် ဆွေးနွေးခဲ့သော် လည်းသဘောတူညီမှုမရရှိခဲ့ပါကြောင်းဖော်ပြထားပါသည်။

Source :   https://en.antaranews.com / Reutures

International Trade News

Pages