စင်ကာပူဈေးကွက်သို့ထိုင်းဆန်တင်ပို့မှု အလားအလာကောင်းလျက်ရှိ

Mon, 11/23/2015 - 12:10 -- admin_ygn

 စင်ကာပူ ကုန်သည်များသည် ထိုင်းနိုင်ငံပုဂ္ဂလိကကဏ္ဍမှ  ဘတ်သန်း ၇၂၀ ဖိုးရှိသော ဆန်များဝယ်ယူရန် အရောင်းအဝယ်စာချုပ်လက်မှတ်ရေး ထိုးပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီး ရှားနိုင်ငံတို့သည် ဆန်ပိုမိုဝယ်ယူဖွယ်ရှိ  ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးMs.Apiradi ၏ ဦးဆောင်မှုဖြင့် စင်ကာပူမှ တင်သွင်းသူများ သည် ပြီးခဲ့သည့် ရက်သတ္တပတ် ၌Ubon Ratchathani ပြည်နယ်၌ စပါးစိုက်ပျိုးမှုကို လေ့လာခဲ့ ကြပါသည်။ ၎င်းင်းတို့အနေဖြင့် Ubon Ratchathani ပြည်နယ် မှ ၂၀၁၅-၂၀၁၆ ရိတ်သိမ်း ရာသီတွင် ထွက်ရှိမည့် ဟုန်မာလိဆန်မွှေး တန်ချိန် ၂၂၀၀၀ ဝယ်ယူမည်ဖြစ်ကြောင်း ဝန်ကြီးMs.Apiradiင မှ ပြောကြားခဲ့ပါ သည်။စင်ကာပူကုန်သည်များအနေဖြင့် ကောက်ညှင်းဆန် ဝယ်ယူရန်လည်း ရည်ရွယ်ထားကြောင်း၊ သို့ရာတွင် ကောက်ညှင်းဆန်ဈေးနှုန်းသည် မြင့်မား သောကြောင့်အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးကြောင်း၊ စင်ကာ ပူနိုင်ငံ သည် ထိုင်းဆန်တင်ပို့မှုအတွက် အဓိက ဈေးကွက်တစ်ခုဖြစ် ကြောင်း၊ (စင်ကာပူ) ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပပြန်လည်တင်ပို့ မှု  (re-export)) အတွက် ထိုင်းဆန်များ တင်သွင်းလျက် ရှိကြောင်း သိရှိရပါသည်။စင်ကာပူနိုင်ငံ၏ ထိုင်းဆန်တင်သွင်းမှုပမာဏသည် ၂၀၁၃ ခုနှစ်၌ ၁၂၆၀၁၃ တန် (တန်ဖိုးအားဖြင့် ဘတ် ၃ ဒသမ ၉၉ ဘီလီယံ)၊ ၂၀၁၄ ခုနှစ်၌ ၁၆၂၅၇၇ တန်(တန်ဖိုးအားဖြင့် ဘတ် ၅ ဒသမ ၇၆ ဘီလီယံ) ရှိခဲ့ပါသည်။ ယခုနှစ် ပထမ ၁၀ လအတွင်း စင်ကာပူသို့ ထိုင်းဆန်တင်ပို့မှုသည် ၉၉၂၁၆ တန်(တန်ဖိုး အားဖြင့် ဘတ် ၂ ဒသမ ၇၇ ဘီလီယံ) ဖြစ်ပါသည်။ထိုင်းနိုင်ငံ၌ ၂၀၁၅-၂၀၁၆ သီးနှံ ရာသီတွင် ဟုန်မာလိစပါးတန်ချိန် ၆သန်း သို့မဟုတ် ဆန်တန်ချိန် ၃ သန်း ထွက်ရှိ နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုလျော့နည်းခြင်းသည် ဟုန်မာလိဆန်အား ပိုမိုရနံ့ မွှေးစေပြီး ဆန်အရည်အသွေးပိုမိုကောင်းမွန်စေနိုင်သည်ဟု မျှော်လင့်ထား ကြောင်း ထိုင်း ဆန်တင်ပို့သူများ အသင်း ဥက္ကဋ္ဌMr. Charoen  ကပြောကြားခဲ့ ပါသည်။ ကာလတိုအတွင်း ဟုန်မာလိဆန် ဈေးနှုန်းအလားအလာနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကြပါသည်။ နိုင်ငံအနှံ့တွင် ဆန်များတစ်ပြိုင် တည်း ထွက်ရှိ လာခြင်း သည် ဆန်ဈေးနှုန်းများအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက် မှု ရှိနိုင်သည်ဟု ယူဆထားကြပါသည်။နိုဝင်ဘာနှင့်ဒီဇင်ဘာလများ တွင် ထွက်ရှိလာ မည့် အဓိကသီးနှံ(စပါး)များ ဈေးကွက်သို့ မရောက်ခင် ဆန်ဈေးနှုန်းများ တည်ငြိမ်စေရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဆန်မူဝါဒနှင့်စီမံခန့်ခွဲမှု ကော်မတီသည် နိုင်ငံပိုင် အရည် အသွေးမြင့်ဆန် များ ထုတ်ရောင်းခြင်းကို အချိန်ရွှေ့ဆိုင်းထား ရန် သဘောတူ ခဲ့ပြီးဖြစ်ပါသည်။ ထိုင်းပြည်ပတင်ပို့သူများအနေဖြင့်လည်း ဟုန်မာလိစပါး တစ်တန်လျှင် (ရည်မှန်းထားသည့် ဈေးနှုန်း) ၁၃၅၀၀ ဘတ် သို့မဟုတ် ဆန် တစ်တန်လျှင် ၂၆၀၀၀ ဘတ်ဖြင့် ဝယ်ယူရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

International Trade News

Pages