(၁၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကျင်းပမည်

Wed, 06/29/2016 - 07:55 -- admin_ygn

         တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်းရှီးပြည်နယ်၊ နန်နင်းမြို့၌ ၂၀၁၆ ခုနှစ်၊  စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက် အထိ (၁၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (13th CAEXPO) ကို  ကျင်းပမည်ဖြစ်ရ  မြန်မာနိုင်ငံ မှ ပါဝင်ပြသနိုင်ရန်  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဖိတ် ကြားလာပါသည်။  မြန်မာနိုင်ငံအနေနှင့် ၂၀၀၄ ခုနှစ်မှ  စတင်၍ ယင်းပြပွဲသို့  နှစ်စဉ်ပါဝင်ပြသခဲ့ရာ ၂၀၁၂ ခုနှစ်၊ (၉) ကြိမ်မြောက်တရုတ်-အာဆီ ယံ ကုန်စည်ပြပွဲတွင် (Country  Of  Honor) ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် အောင်မြင်စွာ ပြသနိုင်ခဲ့ပြီး  ဆုတံဆိပ်များ ရရှိခဲ့ပါ သည်။
         ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်-အာဆီယံ လွတ်လပ် သော ကုန်သွယ်မှုနယ်မြေတည်ထောင်ရေးကို အထောက်အကူပြုရန်နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဆောင် ရွက်နိုင် ရန်  ဖြစ်ပါသည်။ ယင်းပြပွဲနှင့်အတူ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (China-ASEAN Business & Inve-stment Summit-CABIS)  ကိုလည်း ပူးတွဲကျင်းပပါသည်။  အဆိုပါ ကုန်စည် ပြပွဲ များတွင် နှစ်လိုဖွယ်ရာမြို့တော် (City of Charm)  ခန်းမ ဆောင်ကို ဒုတိယအကြိမ်မြောက် တရုတ်-အာဆီ ယံ ကုန်စည်ပြပွဲမှ စတင်၍  ပြသခဲ့ပါသည်။ ယခုနှစ်အတွက် နှစ်လိုဖွယ်ရာမြို့၏ ဆောင်ပုဒ်မှာ ''Jointly Building the 21st Century Maritime Silk Road, Forging an Even Closer China-ASEAN Community of Co-mmon Destiny'' (၂၁ ရာစုရေကြောင်း ပိုးလမ်းမကြီးကို အတူတကွ တည်ဆောက်ခြင်းဖြင့် အကျိုးစီးပွား မျှဝေကြ မည့် ပိုမို နီးကပ်သော တရုတ်-အာဆီယံ အသိုက်အဝန်းဆီသို့ ပူးတွဲတက်လှမ်းကြရန်)သတ်မှတ်ထားပါသည်။  မြန်မာ နိုင်ငံမှ ရည်ရွယ်ချက်နှင့် ကိုက်ညီသော နှစ်လိုရာမြို့အဖြစ် မော်လမြိုင်မြို့ကို ရွေးချယ်၍  ပါဝင်ပြသရန်  စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။
         အဆိုပါကုန်စည်ပြပွဲနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံမှ ဆောင်ရွက်ရမည့် ပြပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ကြို တင်ညှိနှိုင်းဆွေးနွေးရန် အကြီးတန်းအရာရှိများ  အစည်းအဝေး Senior Official Meeting (SOM) ကို၂၀၁၆ ခုနှစ် မတ် ၁၆ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်း မြို့၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်နှစ်ဦး  ပါဝင်တက်ရောက်ခဲ့ပါ သည်။  ယခုနှစ်ကျင်းပမည့် 13th CAEXPO ပြပွဲတွင် (Country 0f Honor) အဖြစ် ဗီယက်နမ်နိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ပြီး Special Guest Country အဖြစ် သြစတြေးလျနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲ နှင့်အတူ သက်မွေးပညာ၊  နည်းပညာ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေး၊  သတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေး၊ ပတ်ဝန်းကျင်  ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ပုံနှိပ်ထုတ်ဝေရေး၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး၊ လူမှုရေးနှင့် ဆင်း ရဲမှုလျှော့ချရေးဆိုင်ရာ ဖိုရမ်များ နှင့် ဆွေးနွေးပွဲများ၊ မြို့တော်ဝန်များ၏ဖိုရမ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့  မြန် မာနိုင်ငံမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ သမဝါယမ အသင်းများ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည် အသင်းနှ င့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့မှ  နှစ်စဉ်သွားရောက်ပြသခဲ့ပါသည်။  ယခုနှစ်ပြပွဲသို့ မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမယ်သစ် ပို့ကုန်အလားအလာရှိ သော ကုမ္ပဏီလုပ်ငန်းရှင်များနှင့် အခြား စိတ်ဝင် စားသည့်  မြန်မာ့စီးပွား ရေးလုပ်ငန်းရှင်များအနေနှင့် ပြပွဲတွင် ပါဝင်ပြသလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  မြန် မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း-၀၆၇- ၄၃၀၄၄၆၊ ဖက်စ် - ၀၆၇-၄၃၀၁၂၈ ၊ Email: moctrade fair@ gmail.com၊ မြန်မာကုန်သွယ်မှုဗဟိုဌာန၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၂၅၄၀၂၄၊ ဖက်စ်- ၀၁-၂၅၄၀၂၃၊ Email: itpic.moc @gmail.com နှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဖုန်း - ၀၁- ၁-၂၁၄၃၄၄ -၉၊ ဖက်စ်-၀၁-၁- ၂၁၄၄၈၄၊ Email: services.umfcci@ gmail.com နှင့် သမဝါယမဦးစီးဌာန၊ ဖုန်း-၀၆၇-၄၁၀၃၄၁ Email: coopdeptdg- @gmail.com တို့သို့ ၂၀၁၆ ခုနှစ်၊  ဇူလိုင် ၂၂ ရက်နောက်ဆုံးထား၍ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။  

 

ဝင်းသန်းကျော် (ကုန်သွယ်ဖွံ့ဖြိုး)

Local Trade News

Pages