(၁၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသ

Tue, 10/20/2015 - 10:53 -- admin_ygn

           တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်နန်နင်းမြို့တွင်(၁၂)ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (China ASEAN Expo- CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (China–ASEAN Business and Investment Summit - CABIS) တို့ကို စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ  ကျင်းပပြုလုပ်ခဲ့ ပါသည်။ (၁၂) ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၏ ဦးတည်ဆောင်ပုဒ်မှာ"၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတည်ထောင်ရန်၊ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံချက်အသစ်ထွက်ပေါ်လာစေရန် "Co-building the 21st Century Maritime Silk Road, Rolling out A New Blueprint for Maritime Cooperation” ဖြစ်ပါသည်။ နှစ်လိုဖွယ်ရာ မြို့တော်အဖြစ် ထားဝယ်မြို့ကို သတ်မှတ်ပြီးခန်းမကြီး  အမှတ်(၂)၌ ၁၈၀ စတုရန်းမီတာ အကျယ်အဝန်းဖြင့် ရယူလျက် ခေတ်မီလှပဆန်းသစ်ေ သာ ဒီဇိုင်းဖြင့် တည်ဆောက်ခင်းကျင်းပြသခဲ့ပါသည်။ (၁၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို  စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် နံန က် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာကျန်းကောင်လိ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာ ဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စ တာ ကျန်းကောင်လိနှင့်အတူ အာဆီယံနိုင်ငံများ ကိုယ်စားဂုဏ်ထူးဆောင်နိုင်ငံများ အဖြစ်ဆောင်ရွက်သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာ တနာဆပ်ပတီမာ ပရာဂွန်၊ ဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ အာဆီယံနိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့မှ ဒုတိယဝန် ကြီးချုပ်များ၊ ဝန်ကြီးများနှင့်တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားပါသည်။
         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာကုန်စည်ပြပွဲခန်းမဆောင်ဖွင့်ပွဲ အခမ်းအနားကို ခန်းမအမှတ်(၁၄)တွင် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါ၍တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။ မြန်မာကုန်စည်ပြပွဲ ခန်းမဆောင်ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလု ပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပါသည်။ 20th Anniversary of the Establishment of the WTO အထိမ်းအမှတ် အစ ည်းအဝေးကို စက်တင်ဘာ ၁၈ ရက် နေ့လယ် ၁၅း၅၅ နာရီမှ ၁ရးဝ၀ နာရီအထိ နန်နင်းမြို့ရှိ Marriot Hotel ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်ရောက်၍ အဖွ င့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ (Golden Land-Myanmar Promotion Conference) အစည်းအဝေးကို စက်တင်ဘာ ၁၉ ရက်နေ့ နေ့လယ် ၁၄း၃၀ နာရီမှ ၁၆း၁၀ နာရီတွင် NICEC အခန်းအမှတ် (၁၀၆) တွင် ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများမှစုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တက်ရောက်လာသူများမှ သိရှိလိုသည့်အချက်အလက်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ေြ ဖကြားပေးခဲ့ပါသည်။
       (၁၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ တရုတ်-အာဆီယံပြပွဲကော်မတီ၏ အင်တာဗျူးအစီအစဉ်သို့ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူ ေ ရးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး တက်ရောက်ရှင်းလင်းဖြေကြားခဲ့ပါသည်။ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွက် အကြီးတန်းအရာရှိများ၏ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို စက်တင် ဘာ ၂၁ ရက်နေ့ ညနေ ၁၆း၃၀ နာရီ မှ ၁၈းဝ၀ နာရီထိ နန်နင်းမြို့ Marriot Hotel ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်စိုးနှင့် ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါတို့တက်ရောက်ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးတွင် ယခုကျင်းပသည့် (၁၂) ကြိမ်မြောက် ကုန်စည်ပြပွဲအပေါ် သုံးသပ်အကြံပြုခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပမ ည့် (၁၃) ကြိမ်မြောက် တရုတ်- အာဆီယံ ကုန်စည်ပြပွဲအတွက် အမျိုးသားပြခန်းဆောင် တည်ဆောက်ရမည့်နေရာကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်တွင် အမျိုးသား ပြခန်းဆောင်အတွက် နေရာအသစ်များပြောင်းလဲ သတ်မှတ်မည်ဖြစ်၍ တည်နေ ရာနှင့် Hall အမှတ်များ လျာထားသတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ (၁၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ စိတ်ပါဝင်စားစွာဖြင့် အင်တိုက်အားတိုက် ပါဝင်တက်ရောက်ခဲ့ခြင်းအပေါ် ပြပွဲကျင်းပရေးကော်မတီ၏ ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့မှ Best City Of Charm Pavilion qk? Best Exhibitor Organizer ဆုနှင့် Best Industry  Organizer ဆု သုံးခုကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ (၁၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ပူးပေါင်းေ ဆာင်ရွက်မှုဖြင့် မြန်မာကုန်စည်ပြခန်းဆောင်တွင် ၈၄ ခန်းဖြင့် အသင်းအဖွဲ့ ၉ခု၊ ကုမ္ပဏီ ၁၁၁ ခုတို့မှ ပြပွဲ ပြသတက်ရောက်သူ စုစုပေါင်း ၃၅၀ ဦး ပါဝင်တက်ရောက် ခဲ့ပါသည်။

 

လှဝေ(ကုန်စည်ပြပွဲ)

Local Trade News

Pages