မြန်မာ့ရွှေဈေး ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်လာ

Tue, 10/20/2015 - 13:34 -- admin_ygn

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး မြင့် တက်မှုေြ ကာင့် ပြည်တွင်းရွှေဈေးကွက်ပါ  မြင့်တက်လာခဲ့ခြင်းဖြစ် ပြီး ပြည်တွင်း ငွေလဲ နှုန်းများ ကျဆင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတို့က သုံးသပ်လျက်ရှိသည်။ ရွှေဈေး မြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်းချ လာသူများ ယခင်ကထက် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ "ရွှေဈေးက တော်တော်လေးကို မြင့်လာတယ်။ ကျပ်ရှစ်သိန်းကျော်လောက်အထိ မြင့်တက်လာတဲ့အတွက် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီလိုမြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ ပြန်ပြီးရောင်းလာတဲ့သူတွေ များလာတယ်။ ဈေးကဒီလောက်ပဲ တက်လာနိုင်ပြီး ပြန်ကျမယ်လို့ယူဆကြတဲ့အတွက် ပြန်ရောင်းတဲ့သူများလာတာပါ။ တချို့နေရာတွေမှာဆို အထည်ေ တွပါ  ထုတ်ရောင်းလာတာမျိုးတွေရှိတယ်"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။
         ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၀နီးပါး မြင့်တက်သွားခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကွက်တွင် အဝယ်လိုက်လာမှုကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်သည်ဟု သုံးသပ်လျက်ရှိသည်။ မြန်မာ့ရွှေဈေး သည် အောက်တို ဘာလ ၁၂ ရက်က ကျပ် ၇၉၃၅၀ဝ ဖြင့် ဈေးဖွင့်ခဲ့သော်လည်း အောက်တို ဘာ ၁၄ ရက် ဈေးပိတ်ချိန်တွင် ကျပ် ၇၉၉၀ဝ၀ သို့ မြင့်တက်ခဲ့သည်။ အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ကျပ် ၈၀၂၀ဝ၀ သို့ မြင့်တက် ခဲ့ကာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျပ် ၈၀၁၀ဝ၀ ဈေးဖြင့်  အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တို ဘာ ၁၂ ရက်တွင် ၁၁၅၅ ဒေါ်လာ ရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ တွင် ၁၁၅၈ ဒေါ်လာ သို့ မြင့်တက်ခဲ့ သည်။ အောက်တိုဘာ ၁၄ ရက်နေ့ ဈေးပိတ်ချိန်တွင် ၁၁၇၄ ဒေါ်လာသို့ ဆက်လက်မြင့်တက်ခဲ့ကာ အောက်တို ဘာ ၁၆ ရက်တွင် ၁၁၈၂ ဒေါ်လာ သို့ မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages