မျိုးသမားနဲ့ လုပ်ငန်းသုံးအဆွဲကြောင့် မုံရွာကုလားပဲ ဈေးမြောက်လာ

Wed, 10/21/2015 - 10:06 -- admin_ygn

မုံရွာကုန်စည်ဒိုင် အောက်တိုဘာလဒုတိယပတ်မှာ ကုလားပဲမျိုးစုံ အနေနဲ့ ရောင်းသူဈေးကွက် ဆက်လက်ဖြစ်ပေါ်နေလို့ တက်ဈေးအသီးသီးဖြစ်ခဲ့ရာ ကုလားပဲ(ထိုင်ဝမ်)တစ်တင်း ၃၈၀ဝ၀ ကျပ်၊ ကုလားပဲ (V2)တစ်တင်း ၄၀ဝဝဝ ကျပ်နဲ့ ကုလားပဲ (၉၂၉ ) တစ်တင်း ၃၉၄၀ဝ ကျပ် အသီးသီးဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ဒီဈေးမှာ ပြီးခဲ့တဲ့လကထက် တစ်တင်း ၄၀ဝဝကျပ်မှ ၅၀ဝ၀ ကျပ်အထိ တက်ဈေးဖြစ်ခဲ့တာလို့ သိရပါတယ်။
        အဓိကဝယ်လက်တွေအဖြစ် ကြာဆံစက်၊ ပဲခွဲစက်နဲ့ ပဲမှုန့်စတဲ့ လုပ်ငန်းသုံးသမားတွေ ကုန်ကြမ် အတွက် မရှိမဖြစ် ဝယ်ယူမှုရှိသလို ယခုအခါ ကုလားပဲစိုက်ပျိုးချိန် နီးပြီမို့  မျိုးအတွက် တောင်သူဝယ်လို အားပါ ကောင်းလာတဲ့ အတွက် ပဲလက်ကျန်  လျော့လာမှုကြောင့် အခုလိုတက်ဈေးဖြစ်ပေါ်ခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း တစ်ရက် တင်း ၄၀ဝ မှ ၅၀ဝ  ကြား အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ကုန်သည်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ

Local Trade News

Pages