မုံရွာကုလားပဲ အဆွဲမညီလို့ ဈေးအတက်အကျဖြစ်နေ

Tue, 06/07/2016 - 07:28 -- admin_ygn

           တစ်ချိန်က အိန္ဒိယဈေးကွက်အတွက် အရေးပါခဲ့တဲ့ ပြည်ပ ပို့ကုန်ကုလားပဲမျိုးစုံဟာ မျိုး၊ အရည်အသွေးနဲ့ပေါက်ဈေး အခြေအနေအရ ပြည်ပအဝယ်ရပ်သွားပြီးတဲ့နောက် ပြည်တွင်းဝယ်လိုအားကြောင့် ဒီနှစ်မှာ ဈေးမြောက် ခဲ့တာ  တွေ့ရပါ တယ်။ အဓိကလိုအပ်တဲ့ ဒေသတွင်းလုပ်ငန်းတွေဖြစ်ကြတဲ့ ကြာဆံလုပ်ငန်း၊ ပဲခွဲစက်၊ အမှုန့်ကြိတ်လုပ်ငန်း၊ ပဲလှော်နဲ့ ပဲကြော်လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် နေ့စဉ်လိုအပ်ချက်ရှိတဲ့ အတွက် ဒေသတွင်းဈေးကွ က်မှာ ကုလားပဲက ဆက်လက် ခိုင်မာနေတာ တွေ့ရပါတယ်။
           ယခုနှစ်ထွက်ရှိခဲ့တဲ့ ကုလားပဲဟာ မုံရွာကုန်သည်တွေဆီမှာသာမက တောင်သူတွေဆီမှာပါ ပဲလက်ကျန်ရှိနေပြီး၊ လိုရောင်း၊ လိုဝယ်ကြောင့် နေ့စဉ်ဈေးအနည်းငယ်အတက်အကျဖြစ်ခဲ့ကာ ယခုတစ်ပတ်မှာ ထိုင်ဝမ်ကုလား ပဲ တစ်တင်း ကျပ် ၃၇၇၀၀၊  ၉၂၉ ကုလားပဲတစ်တင်း ကျပ် ၃၇၇၀၀ နဲ့ ကုလားပဲဖြူလုံးကြီးတစ်တင်းကျပ် ၃၈၇၀၀ အသီးသီး တက်ဈေး ပြန်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ကုလားပဲမျိုးစုံ တစ်ရက်အိတ် ၇၀၀ မှ ၁၀၀၀ ကြား ပုံမှန်ဖြစ်နိုင် တယ်လို့ မုံရွာကုန်စည်ဒိုင် ရပ်ကွက်ကလေ့လာသိရှိရပါတယ်။ 

 

ထွန်းလှိုင်(မုံရွာ)

Local Trade News

Pages