ပြည်တွင်းရွှေဈေး တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် မြင့်တက်

Wed, 10/14/2015 - 13:38 -- admin_ygn

        ပြည်တွင်း ရွှေဈေးကွက်တွင် တစ်ပတ်အတွင်း  အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းကျော် မြင့်တက်သွားကြောင်း  ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးများ မြင့်တ က်နေသော်လည်း အရောင်းအဝယ်မှာ  ပုံမှန်အတိုင်းသာ ရှိနေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
       ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး  လိုက်ပါမြင့်တက်ခဲ့ချိန်တွင် ပြည်တွင်းငွေလဲနှုန်းသည် အနည်းငယ်သာကျဆင်းခဲ့သဖြင့် ရွှေဈေးများ ပြန်လည်မြင့်တက်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။ "ကမ္ဘာ့ရွှေဈေး မြင့်တက် လာ တော့ပြည်တွင်းရွှေဈေးကလည်း မြင့်တက်လာတယ်။ အဲဒီလိုအချိန်မှာ ပြည်တွင်း ငွေလဲနှုန်းကလည်း သိသိသာသာ ကျမသွားတဲ့အတွက် ရွှေဈေးတက်လာရတာပါ။ ရွှေဈေးတက်လာပေမယ့်လည်း အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပဲရှိနေပါတယ်။ ရွှေဈေးတက်လာတော့ အထည်ဈေးကွက်မှာ အရောင်းအဝယ် နည်းသွားတယ်။ ခါတိုင်းနှစ်တွေနဲ့ယှဉ်ရင်တော့ တော် တော်လေးကို ရောင်းအား ကျသွားတယ်လို့ဆိုရမယ်။ ဒီနှစ်က ရေကြီး တာရော ေ ရွးေ ကာက်ပွဲရော ဆုံနေတဲ့နှစ် ဆိုတော့ အထည်ပိုင်းမှာ အရောင်းအဝယ် မကောင်းဘူး"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။
       မြန်မာ့ရွှေဈေးသည် အောက်တိုဘာလ ၅ ရက်နေ့က ကျပ် ၇၇၇၀ဝ၀ ရှိခဲ့ပြီး အောက်တိုဘာ ၆ရက်နေ့တွင် ကျပ် ၇၈၀ဝဝဝ သို့ မြင့်တက်ခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ကျပ် ၇၈၅၅၀ဝ သို့မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၉ရက်တွင် ကျပ် ၇၈၂၀ဝ၀ သို့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာလ ၅ရက်နေ့တွင် ၁၁၃၇ ဒေါ်လာရှိခဲ့ပြီး အောက်တိုဘာလ ၇ရက်နေ့ တွင် ၁၁၄၅ ဒေါ်လာဖြင့် ဈေးစတင်ဖွင့်ခဲ့သည်။ သို့ေ သာ် နေ့လယ်ပိုင်းတွင် ၁၁၅၂ ဒေါ်လာသို့ ရုတ်ခြည်းမြင့်တက်ခဲ့ပြီး အောက်တိုဘာလ ၈ရက်နေ့ဈေး ကွက်စတင်ဖွင့်ချိန်တွင် ၁၁၄၆ ဒေါ်လာ သို့ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်နေ့ ဈေး ပိတ်ချိန်တွင် ၁၁၄၂ ေ ဒါ်လာသို့ ဆက်လက်ကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages