ကြက်သွန်နီဈေးနှုန်း ထက်ဝက်ခန့် ကျဆင်း

Tue, 12/29/2015 - 06:40 -- admin_ygn

             ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ နိုဝင်ဘာ တတိယပတ်တွင် လက်ကား ပျမ်းမျှတစ်ပိဿာကို ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်း လက်ကားတစ် ပိဿာကို ၁၅၀ဝ ကျပ်ေ လာက်ထိ ပြန် လည်ကျဆင်းလာပြီလို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါတယ်။
             ဒီဇင်ဘာ တတိယပတ်မှာတော့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ် ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂၆၅၂ တန်ဖိုးရှိ ကြက်သွန်နီ ၄ တန်ခွဲ တင်သွင်းလာခဲ့ပြီး ကန်ဒေါ်လာ ၂၀၇၈၅ တန်ဖိုးရှိ ကြက် သွန်ဖြူ ၁၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ကြက်သွန်နီဈေးများ ထက်ဝက်ခန့် ပြန်လည်ကျဆင်းလာရခြင်းမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ ပြည်ပ ကြက်သွန်နီများ ဝင်ရောက်မှုများခြင်း၊ မိုးစိုက်ကြက်သွန်နီ အဝင် များခြင်း၊ ဝယ်လိုအား နည်းနေခြင်းတွေကြောင့် ယခုရက်ပိုင်းအတွင်း ဈေးပြန်လည်ကျ ဆင်းလာရတာလို့ ကြက်သွန်နီ လက်ကားအရောင်းဒိုင်များမှ သိရပါတယ်။

 

မော်မော်အောင်

Local Trade News

Pages