Thursday Talk ဆွေးနွေးပွဲကျင်းပ

Thu, 11/28/2019 - 07:14 -- adminDep

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဇင်ဉီး က “တရုတ်-မြန်မာ နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးဆွေးနွေးပွဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Leadership University(ILO) မှ Professor ဖြစ်သူ Dr. Richard Dare နှင့် Co-founder ဖြစ်သူ Mr. Neil Machintyre  တို့က “နိုင်ငံတကာ ကုန်သွယ်ရေးအရောင်းအဝယ် စေ့စပ်ညှိနှိုင်းရေးနှင့် စီးပွားရေးမူဝါဒများဆိုင်ရာ အဆင့်မြင့်သင်တန်းများအကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသော အရာထမ်းများမှ မေးမြန်းဆွေးနွေးကြပြီး စားသုံးသူရေးရာဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။