မြန်မာစီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲ ကျင်းပပြုလုပ်

Thu, 10/22/2020 - 11:27 -- adminDep

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ၃ လ လျှင်တစ်ကြိမ် ကျင်းပပြုလုပ်သော မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်ပြီး လမ်းညွှန်အမှာစကားပြောကြား