HS Code သင်တန်းဖွင့်လှစ်မှုအခြေအနေ (သတင်းအပြည့်အစုံ)

Thu, 11/30/2023 - 08:39 -- DotTrading

HS Code သင်တန်းဖွင့်လှစ်မှုအခြေအနေ

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့်သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။          အဆိုပါစီမံချက်အရ HS Code သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Multimedia သင်တန်းခန်းမတွင်  ဖွင့်လှစ်ခဲ့ပါသည်။

၃။    ကုန်သွယ်ရေးဦးစီးဌာန၊ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးသော်မှ သင်ခန်းစာများပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။