"အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်" ရေးဆွဲရေးအတွက် နဝမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Wed, 06/29/2022 - 05:04 -- competition

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်

              အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများကို  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင် ကျင်းပဆွေးနွေးခဲ့ကြရာ နဝမအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နံနက် (၀၇:၃၀)နာရီ အချိန်မှ နေ့လယ် (၁၃:၀၀) နာရီအချိန်ထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

              အဆိုပါ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၂၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ် ’’ ၌ ထည့်သွင်းရေးဆွဲမည့် Articles များကို လမ်းညွှန်အခြေခံမူများ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲနိုင်ရေး ထပ်မံဖြည့်စွက်လိုသည့် အချက်များနှင့် လုပ်ငန်းအစီစဉ်တို့အပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင်ဆွေးနွေး ရရှိလာသည့် ဆွေးနွေးမှုရလဒ်များကို အခြေခံပြီး “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ကို ညှိနှိုင်းဆွေးနွေးရေးဆွဲကြရမည်ဖြစ်ပါသည်။