အင်ဖာ-မိုရေးမြို့ကိုဆက်သွယ်သောအဝေးပြေးကားလမ်းမကြီးအား လမ်းပိတ်ဆို့ဆန္ဒပြမှုများဖြစ်ပွား

Thu, 12/04/2014 - 14:12 -- dccaadmin

 

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထုတ် The Sangai Express သတင်းစာမှာ ထိုဘာခရိုင် ပုလဲဒေသမှာ ဒေသခံတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့က တရားမဝင် ဖမ်းဆီးခဲ့သောကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပူပေါင်းလှုပ်ရှားရေး ကော်မတီအဖွဲ့က အင်ဖာမြို့နဲ့ မိုရေးမြို့တို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေး ကားလမ်းမကြီးအား ပိတ်ဆို့ဆန္ဒပြမှု များဖြစ်ပွားခဲ့ပါတယ်။ ထိုဘာခရိုင် တာဝန်ရှိသူများနဲ့ ဆန္ဒပြသူများ တွေ့ဆုံဆွေးနွေးပြီးနောက် ဆန္ဒပြမှုများကို နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းပေး သွားမယ်လို့ ဖော်ပြထား ပါတယ်။တစ်ဖက် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုများ၊ မိုင်းကွဲမှုဖြစ်စဉ်များ၊ ဆန္ဒပြမှုများကြောင့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှု လမ်းမကြီးဖြစ်တဲ့ မိုရေး-အင်ဖာ လမ်းမကြီးအား နိုဝင်ဘာလ၂၇ ရက်နေ့ ညနေ ၁ရးဝ၀ မှ၃၀ ရက်ထိ (၃)ရက်ခန့်ပိတ်ထား ခဲ့တာဖြစ်ပါတယ်။ တစ်ဖက် အိန္ဒိယနိုင်ငံရဲ့ အခြေ အနေများကြောင့် နှစ်နိုင်ငံ ကုန်ပစ္စည်း ဝင်/ထွက်မှုများ လျော့နည်းနေ လျက်ရှိကြောင်း သတင်းရရှိပါတယ်။

                                                                                           နေထက်မင်း (တမူး)