လူစီးရထားနဲ့ တင်ဆောင်လာတဲ့ တရားမဝင်ကန့်သတ်ကုန်နဲ့ လူသုံးကုန်များ စစ်ဆေးတွေ့ရှိ

Fri, 12/26/2014 - 11:01 -- dccaadmin

 

            မော်လမြိုင်-ရန်ကုန်အမှတ် (၉၀) အစုန်အမြန် ရထားပေါ်မှာ ကန့်သတ် ကုန်ဘီယာ၊ ကွမ်းစား ဆေးနဲ့ အကောက်ခွန်မဲ့ လုပ်ငန်းသုံး၊ အိမ်သုံးပစ္စည်းများ တင်ဆောင်လာတယ်လို့ သတင်းအခိုင် အမာရရှိတဲ့ အတွက် ဒီဇင်ဘာလ၂၁ ရက် ၁၈ း ၂၀ ချိန် ရန်ကုန် ဘူတာကြီးသို့ ဆိုက်ရောက်စဉ် Mobile Team အဖွဲ့မှ သွားရောက် စစ်ဆေးမှုပြုခဲ့ ပါတယ်။ စစ်ဆေးရာ မှာတော့ ကုန်တွဲ (GBHU xxxxx)နဲ့ ဘရိတ်တွဲ (BBDTE xxxxx) တို့မှာ တရားမဝင် ကန့်သတ်ကုန်များ ကို တွေ့ရှိခဲ့ရ ပါတယ်။ ဒီဇင် ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်ဘူတာကြီး ကုန်သိုလှောင်ရုံမှ ဆူးလေဆိပ် ကမ်းအတွင်းရှိ မြေပြင်ချစစ်သို လှောင်ရုံသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

          စစ်ဆေးတွေ့ရှိရတဲ့ ကန့်သတ် ကုန်ပစ္စည်းများမှာ တစ်ဖက် အိမ်နီးချင်းနိုင်ငံထုတ် Chang Beer  ၁၁၈ တာ၊ Leo Beer၆၂၇ တာ၊ ဆေးရွက်ကြီးပေါင်းကွမ်းစားဆေး (Saga Sakdi Tabacco) ၂၂၅ တာ တို့ဖြစ်ကြပြီး အထည်ထုပ်၂၄ ထုပ်၊ လျှပ်စစ် အပ်ချုပ်စက်ခေါင်း အိတ်ကြီး ၄၀ ၊ လျှပ်စစ်ပစ္စည်းများ ( လျှပ်စစ်ဓါးစက်၊Speaker ၊ Audio Wire၊ ကျွီတာ)၊ စားသောက်ကုန် Mastercup အမှတ်တံဆိပ်  Coffeemix  ၊လုပ်ငန်းသုံး ငါးဖမ်းပိုက်များ ဖြစ်ကြပါတယ်။

          ကန့်သတ် ကုန်ပစ္စည်းများကို လုပ်ထုံး လုပ်နည်းနဲ့ အညီ အကောက်ခွန် ဦးစီးဌာနသို့ အပ်နှံထား ပြီးဖြစ်တယ် လို့ သတင်းရရှိပါတယ်။ ကျန်ကုန်စည်များကိုတော့ အကောက်ခွန်ပေးဆောင်ပြီး တရား ဝင်တင်သွင်းလာခြင်း ဖြစ်တယ်ဆိုလျှင် စာရွက်စာတန်း အထောက် အထားမူရင်းများနဲ့ တိုက်ဆိုင်စစ် ဆေးပြီး လိုင်စင် ID မှန်ကန်ပါက လုပ်ထုံး လုပ်နည်းနဲ့အညီ ပစ္စည်းရှင်များထံ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

 

 

                                                                                              

DCCA DCCA