ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှာ စစ်ဆေးတွေ့ရှိရတဲ့ ID အပို၊ ပစ္စည်းပိုမိုတင်ဆောင်မှုနဲ့ CO အလွဲများ

Thu, 12/04/2014 - 14:03 -- dccaadmin

 

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်မှုအောက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (ထီးတန်း) မှ Yellow နဲ့ Green Channel ဖြင့် xxxxx Trading Co.,Ltd ရဲ့ ပေ (၄၀) ကုန်သေတ္တာ (၄) လုံးအား သတင်းပေးပို့ တိုင်ကြားချက်အရ နိုဝင်ဘာလ ၇ ရက်နေ့ ဆူးလေ မြေပြင်ချစစ် Mobile Team အဖွဲ့သို့ ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့အထိ အသေးစိတ် ဖွင့်ဖောက်စစ် ဆေးမှုပြု လုပ်ခဲ့ကြပါတယ်။ အဆိုပါပေ (၄၀) ကုန်သေတ္တာ (၄)လုံးကို Miscellaneous Goods & Electronic Goods (Brand Name -Daiso) နဲ့ ကြေညာပြီး ကုန်ပစ္စည်း ၁၄၅ မျိုး၊ ၃၁၅၃ ကာတွန်း၊ အရေအတွက် ၃၃၂၅၆၇၊ တန်ဖိုး ၂၅၃၉၆ ဒေါ်လာလို့ဖော်ပြထားပါတယ်။ မြေပြင်ဖွင့်ဖောက် စစ်ဆေးရာမှာ ကုန်ပစ္စည်း ၁၄၅ မျိုးအနက် ၅၈ မျိုးအား အရေအတွက် ၆၆၉၉၂ ခု ပိုမိုတင်သွင်း လာတာကို တွေ့ရှိခဲ့ရတဲ့အတွက် ယာယီ ထိန်းသိမ်းထားပြီး အကောက်ခွန် ဦးစီးဌာန ရုံးချုပ်သို့ တင်ပြစေခဲ့ပါတယ်။ ပိုမို တင်သွင်းလာမှုအပေါ် RF (Retention Fine)၊ CD (Custom Duty) ၊CT (Commercial Tax) ၂ ရာခိုင်နှုန်း စုစုပေါင်း ကျပ် ၃၃၁ ဒသမ ၁၇၄ သန်း ဒဏ်ကြေးပေးဆောင် စေခဲ့ပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အကောက်ခွန် လုပ်ထုံးလုပ်နည်း နဲ့အညီ ပစ္စည်းများ ထုတ်ပေးထား ပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ထီးတန်းဆိပ်ကမ်းမှ နိုဝင်ဘာလ၂၇ ရက်နေ့က စေလွှတ်လိုက်သော xxxxx Trading Co.,Ltd ၏ Hardware များ တင်ဆောင်ထားတဲ့ ပေ (၂၀) ကုန်သေတ္တာ (၁) လုံးနဲ့ ပေ (၄၀) ကုန်သေတ္တာ (၂) လုံးတို့ အား ဆူးလေဆိပ်ကမ်းမြေပြင် ဖွင့်ဖောက်စစ်ဆေး Mobile Team အဖွဲ့က ID (Import Declaration) ထက်ပိုမိုသော ပစ္စည်း (၈) မျိုး၊ ID တွင် ဖော်ပြထားခြင်းမရှိသော ပစ္စည်း (၃၆) မျိုး၊ စုစုပေါင်း ၄၄ မျိုး၊ အရေအတွက်အားဖြင့် ၁၀၂၅၅၅၊ Box၂၈၁၀ ပိုမိုတင်သွင်းလာသည်ကို Mobile Team အဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။ ပစ္စည်းများပိုမိုတင်ဆောင် လာတဲ့အပြင် CO (Country Origin) များကိုလည်း တရုတ် (China) ဟု ဖော်ပြထားသော်လည်း စစ်ဆေးရာမှာ ဂျပန်၊ ထိုင်း (Japan, Thailand) များအဖြစ် ကွဲလွဲနေသည်များကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါ တယ်။ စစ်ဆေးတွေ့ရှိချက်များအား လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲများဖွင့်လှစ် ဆောင်ရွက်ရန် စီစဉ်နေတယ်လို့ သိရှိရပါတယ်။ IDထက် ပိုမို တင်ဆောင်လာတဲ့ပစ္စည်း (၈) Welding Mask ၊Blint Rivets ၊Filter Tools Chain၊ Screw Driver Module၊ Caulking Gun ၊Multipurpose Spade၊ Industrial Stapler Drill Brush တို့ဖြစ်ကြပါတယ်။ ပိုမို တင်ဆောင်လာသော ပစ္စည်းများ၊ ID တွင် ဖော်ပြထားခြင်း မရှိသော ပစ္စည်းများနဲ့ စပ်လျဉ်းပြီးအ ကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ ကျသင့်ဒဏ်ကြေးများ ပေးဆောင်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေစဉ် ကာလမှာ ပစ္စည်းများအား ယာယီထိန်း သိမ်းထား တယ်လို့သတင်း ရရှိပါတယ်။

                                                                   DCCA  DCCA