ပြောင်းတင်ပို့မှု လျော့ကျသွား

Wed, 12/24/2014 - 09:50 -- dccaadmin

 

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ကန်ဒေါ်လာ၁၀ ဒသမ ၇၁၁သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၃၈၂၃၁ တန်ကျော်ကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် နဲ့ ကန်ပိုက်တီးစခန်းစုံမှ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက် တင်ပို့တဲ့ ပြောင်းဖူး စေ့တန်ချိန် များမှာမူဆယ်မှ ၃၄၉၆၇ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၆၇၆ တန်၊ လွယ်ဂျယ်မှ တန် ၅၀ဝနဲ့ ကန်ပိုက်တီးမှ၈၈တန် ဖြစ်ပါတယ်။ ယခင် သီတင်းပတ်က စခန်း ၄ခုပေါင်းမှ ပြောင်းဖူးစေ့ ၅၀၄၃၇ တန်တင်ပို့နိုင ခဲ့လို့ ယခုသီတင်းပတ်မှာ ၁၂၂၀၅ တန်လျော့ နည်းသွားခဲ့ပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာတော့ ယခင်သီတင်းပတ်က ပြောင်းဖူးစေ့ တစ်တန်ကို ၂၉၀ဝ၃၄ ကျပ်ရှိရာမှ ယခုသီတင်းပတ်တွင် ၂၈၆၂၀၄ ကျပ် သို့ ဈေးအနည်းငယ်ကျ ဆင်းသွားခဲ့တာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ပြောင်းဝင်များခဲ့ပြီး ဈေးကွက်မှာ ဝယ်လိုအားထက်စာရင် ရောင်းလိုအားကများလို့ ဈေးကွက် သဘောသဘာဝအရ ဈေးအေး သွားတာ ဖြစ်တယ်လို့ မူဆယ် ကုန်စည်ဒိုင်က သတင်းရရှိပါတယ်။

                                                                                

 မော်မော်အောင် MIRT DCCA