ဒီဇင်ဘာလ တတိယပတ်အထိ ဆန်တန်ချိန် တစ်သိန်းကျော်မြန်မာ - တရုတ် နယ်စပ်မှတင်ပို့

Fri, 12/26/2014 - 11:08 -- dccaadmin

       

       ဒီဇင်ဘာလ တတိယပတ်ဖြစ်တဲ့ ၁၃ရက်မှ ၁၉ရက် ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်မှ ကန်ဒေါ်လာ ၁၁ ဒသမ ၅၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၁၃၀၆ ကျော်ကို မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်းများမှ တင်ပို့ခဲ့ရာ မူဆယ် ၁၀၅ မိုင်မှ ငစိန် ၁၆၉၃၀ တန်၊ ဧည့်မထ ၉၀၂၂ တန်ကျော်၊ လွယ်ဂျယ်မှ ဧည့်မထ ၄၉၃၄ တန်၊ ချင်းရွှေဟော်မှ ဧည့်မထတန် ၄၂၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါ တယ်။

      အဆိုပါ စခန်းများမှပင် ဒီဇင်ဘာလ တတိယပတ်အထိမှာ တစ်ဖက် တရုတ်နိုင်ငံကို ကန်ဒေါ်လာ ၃၆ ဒသမ ၈၀၄ သန်းဖိုးရှိ ဆန်တန်ချိန် ၁၀ဝ၂၂၁ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ အခုလိုတင် ပို့နိုင်ခြင်းဟာ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်း ပခဲ့တဲ့ အာဆီယံ အစည်း အဝေးများမှာ ညှိနှိုင်းသဘော တူညီချက်အရ တရုတ်နိုင်ငံက မြန်မာဆန်ကို တရားဝင် လက်ခံလိုက်ပြီဖြစ်လို့ နိုဝင်ဘာလမှစပြီး ဆန်တင်ပို့မှု တိုးတက်လာခြင်းဖြစ်ပါတယ်။ နိုဝင်ဘာလတစ်လလုံးမှာ ဆန်တန်ချိန် ၈၂၀၇၇ တန်တင် ပို့နိုင်ခဲ့ပြီး ယခုဒီဇင်ဘာ လအတွင်းမှာတော့ တတိယပတ်အထိကို တန်ချိန် တစ်သိန်းကျော် တင်ပို့ နိုင်ပြီဖြစ် ပါတယ်။ ဆန်အပြင် ဆန်ကွဲကိုလည်း မူဆယ်မှ ၇၃၈၃ တန်ကျော်၊ လွယ်ဂျယ်မှ တန်၄၀ တင်ပို့နိုင် ခဲ့ပြီး ကောက်ညှင်း ဆန် ၄၆၈ တန်ကျော်ကိုလည်း မူဆယ် စခန်းမှပင် တင်ပို့နိုင်ခဲ့ ပါသေးတယ်။

    ယခုနှစ်မှာ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားကြောင်း၊ ယခုလို မျှော်မှန်း ရတာကလည်း တရုတ်ကို ဆန်ပြန်လည် တင်ပို့ခွင့်ရတာရယ်၊ ဥရောပသမဂ္ဂနိုင်ငံ များသို့ပါ တင်ပို့ခွင့် ရတာရယ်ကြောင့်လို့ သိရပါ တယ်။

         

                                                                           

    ယဉ်ယဉ်အေး  MIRT (DCCA)