စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်အများဆုံးတင်ပို့ခဲ့သော ပို့ကုန်များတွင် ကြက်သွန်နီ နှင့်နနွင်းတက်များပါရှိ

Thu, 12/04/2014 - 09:04 -- dccaadmin

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာလ၂၂ရက်နေ့မှ၂၈ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီ တင်းပတ်က ကန်ဒေါ်လာ သုညဒသမ၂၈၀ သန်း ဖိုး တင်ပို့နိုင်ခဲ့ပြီး ယခု သီတင်းပတ်မှာတော့ ကန် ဒေါ်လာသုည ဒသမ ဝ၄၄ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန်များကတော့ ကမ်းခြေစီး ဖိနပ်အရံ ၂ သိန်း၊ မန်ကျည်းစေ့တန်၂၃၀ ၊ ကြက်သွန်နီ ၃၅ တန်၊ ဆီးယိုထုတ်၁၈ တန်၊ စောင် ၃ တန်ကျော်၊ နနွင်းတက်၂ တန်၊ ဆန် ၇တန် ၊ မန်ကျည်း ဖတ်၂ တန်နဲ့ ဆီးသီးခြောက် ၇ တန်တို့ဖြစ်ကြပါတယ်။ 

                                                                                      

 

တင်တင်ထွန်း MIRT (DCCA)