မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 05/07/2024 - 03:52 -- bordertrade

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီ(၃၀)ရက်နေ့မှ မေ(၄)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့် (၁)တန်လျှင် (၉၁၁) ဒေါ်လာနှုန်းဖြင့် (၂၁၀) တန် ၊ တန်ဖိုး (၀.၁၉၁)ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၂၀) ဒေါ်လာနှုန်းဖြင့် (၁၃၀၀) တန် ၊ တန်ဖိုး (၀.၂၈၆)ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၄၅) ဒေါ်လာနှုန်းဖြင့် (၉) တန် ၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့်လည်းကောင်း စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၄၉၄) ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီ(၃၀)ရက်နေ့မှ မေ(၄)ရက်နေ့အတွင်းသွင်းကုန် ဒီဇယ်ဆီ (၁)တန်လျှင် (၈၄၇) ဒေါ်လာနှုန်းဖြင့်(၁၀၀၀) တန်၊ တန်ဖိုး (၀.၈၄၇)ဒေါ်လာသန်း ၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၅၃၀.၅၃) တန်၊ (၃၇၄၅၇) U၊ (၅၃၄၂၅.၄၄) M2 ၊ တန်ဖိုး (၀.၅၁၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၁၇၀)တန်၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းတင်သွင်းနိုင်ငံခဲ့ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး (၁.၄၁၁) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။