မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 05/07/2024 - 03:57 -- bordertrade

             မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၁၃၈၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၁၈၉) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၂၅၇၂) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မေလ(၁) ရက်နေ့ မှ (၅)ရက်နေ့အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၅၇၇.၆၆) တန်၊ တန်ဖိုး (၀.၂၅၂၁) ဒေါ်လာသန်း၊ ငရုတ်သီး (၆၀၇.၄၆၆) တန်၊ တန်ဖိုး (၀.၄၂၅) ဒေါ်လာသန်း၊ ငှက်ပျောသီး (၄၅) တန်၊ တန်ဖိုး (၀.၀၁၃၄) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်း အနေဖြင့် တံမြက်စည်း (၅၁၀၀၀) U၊ တန်ဖိုး (၀.၀၁၀၁) ဒေါ်လာသန်း၊ ရေထွက် ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၇၉.၈၂) တန်၊ တန်ဖိုး (၀.၄၃၇၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၆၀) တန် တန်ဖိုး (၀.၀၁၉၅) ဒေါ်လာသန်း၊  ကြွေပြား (၂၃၉၄၆) M2၊ တန်ဖိုး (၀.၀၅၅၇) ဒေါ်လာသန်း၊ ကျောက်ပြား (၁၈၉.၅) တန်၊ တန်ဖိုး (၀.၀၃၆၃) ဒေါ်လာသန်း၊ ဖိနပ် (၃၄၈၀၀) ရံ၊ တန်ဖိုး (၀.၀၀၄၀) ဒေါ်လာသန်း၊ ကော်စေ့ (၅)တန်၊ တန်ဖိုး (၀.၀၀၃၄) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်        ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၉၀၉.၇၉၁) ဒေါ်လာနှုန်း၊ ပုစွန် (၁၉၉၅၇.၆၆၉) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၆၁.၇၃၄) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၅၀.၀၆) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၃၆.၄၁၆) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၉၉.၆၂၈) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၂၉၈) ဒေါ်လာနှုန်း၊ တံမြက်စည်း (၀.၂)  ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၃၂၅) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၂၆) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၁.၅၅၇) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ကော်စေ့ (၆၈၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။