တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 05/07/2024 - 03:49 -- bordertrade

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၇-၄-၂၀၂၄ မှ ၃-၅-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၁,၁၃၄.၁၇၇) တန်၊ တန်ဖိုး (၂.၅၀၄) ဒေါ်လာသန်း၊ကော်ဖီစေ့ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၈) ဒေါ်လာသန်း၊ကြက်သွန်နီ(၆၈၁.၅၀၀) တန်၊ တန်ဖိုး (၀.၃၃၀) ဒေါ်လာသန်း၊ကြက်သွန်ဖြူ (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ကွမ်းသီးခြောက် (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ COPPER-6.45% (၂၅၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၆၁) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၂၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၃.၀၅၅)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၉၂၉.၂၇၀)ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၂၇-၄-၂၀၂၄ မှ ၃-၅-၂၀၂၄) တွင် ဓာတ်ဆီ(၁,၇၉၄) BBL၊ တန်ဖိုး(၀.၁၇၉) ဒေါ်လာသန်း၊ ဒီဇယ် (၁,၈၃၄) BBL ၊ တန်ဖိုး(၀.၁၉၅) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၂၂၂) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၈၈) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၂၂) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၀၄) ဒေါ်လာသန်း၊ စက်ဘီးအပိုပစ္စည်း (၀.၀၀၃) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၀၇) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၂၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၆၉) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၀၆) ဒေါ်လာသန်း၊သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၂၉၆) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၁၂) ဒေါ်လာသန်း၊ အားကစားပစ္စည်းများ (၀.၀၂၀) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၁၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၉၈)ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၇၇၆)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။