ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဧပြီ(၃၀)ရက်နေ့မှမေလ(၄)ရက်ထိကုန်သွယ်မှုအခြေအနေ

Tue, 05/07/2024 - 03:42 -- bordertrade

            ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မေလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(၃၅.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၃.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃၈.၀၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလတွင် အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၄၄.၃၅၈) ဒေါ်လာသန်း၊ သွင်းကုန်(၆.၀၄၂)ဒေါ်လာသန်း၊စုစုပေါင်း(၅၀.၄၀၀)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၃၂.၆၃၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။၂၀၂၄ခုနှစ်၊မေလ (၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၄.၉၆၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၉၇၅)ဒေါ်လာသန်း၊ စုစုပေါင်း(၅.၉၄၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊မေလ(၄)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ပဲယင်း၊ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ပဲတောင့်ရှည်၊ ဖရဲသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ကော်ဖီစေ့၊ကြက်သွန်နီ၊ချဉ်ပေါင်ဖာလာနှင့် ခဲစက္ကူိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဧပြီလ(၃၀)ရက်မှ မေလ(၄) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၈၆၇၅) တန်၊ တန်ဖိုး(၃.၀၁၂) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပဲယင်းတန်ချိန် (၂၃၃)တန်၊ တန်ဖိုး (၀.၁၆၇) ဒေါ်လာသန်း၊ပဲကြီးတန်ချိန် (၂၂၂)တန်၊ တန်ဖိုး (၀.၁၉၀) ဒေါ်လာသန်း၊ ပဲနီကြားတန်ချိန် (၃၄)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ထောပတ်ပဲတန်ချိန် (၆၃၃)တန်၊ တန်ဖိုး (၀.၆၃၄) ဒေါ်လာသန်း၊နိုင်လွန်ပဲတန်ချိန် (၃၁)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊မြေထောက်ပဲတန်ချိန် (၁၉၂)တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်း၊ ပဲတောင့်ရှည်တန်ချိန် (၃၂)တန်၊ တန်ဖိုး (၀.၀၆၄) ဒေါ်လာသန်း၊သစ်သီးဝလံတင်ပို့မှုအနေဖြင့်ဖရဲသီးတန်ချိန် (၂၅)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ငရုတ်သီးတန်ချိန် (၁၀၈) တန်၊ တန်ဖိုး(၀.၀၄၂)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၆၆၀.၆၅)တန်၊ တန်ဖိုး (၀.၉၈၁) ဒေါ်လာသန်း၊ကြက်သွန်နီတန်ချိန် (၁၅၄၇.၅၀) တန်၊ တန်ဖိုး (၀.၆၀၃) ဒေါ်လာသန်း၊မကျည်းသီး(အစေ့ပါ) တန်ချိန် (၁၆၅) တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း၊ချဉ်ပေါင်ဖာလာတန်ချိန် (၄၀.၀၅) တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်းနှင့်ကော်ဖီစေ့ တန်ချိန် (၂၈.၅) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

         အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေးပြား၊ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၂၄.၈၅၀) တန်၊ တန်ဖိုး(၀.၁၈၇)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၇.၅၀၀)တန်၊ တန်ဖိုး (၀.၁၀၀) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်းတန်ချိန် (၅၈၃.၃၇၁) တန်၊ တန်ဖိုး (၀.၃၈၅) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်းတန်ချိန် (၈၄.၆၈၁) တန်၊ တန်ဖိုး (၀.၆၃၄) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

        ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။