ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Tue, 05/07/2024 - 03:54 -- bordertrade

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်) ၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

           ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်အမေရိကန်ဒေါ်လာ(၁၈.၀၀၀)သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ(၂.၀၀၀)သန်း၊ စုစုပေါင်းအမေရိကန်ဒေါ်လာ(၂၀.၀၀၀) သန်းအပေါ်(၄.၉၇၀)သန်း၊ စုစုပေါင်းအမေရိကန်ဒေါ်လာ(၂၂.၆၉၂) သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် ပို့ကုန်(၉၈.၄၅%)၊ သွင်းကုန်(၂၄၈.၅%) စုစုပေါင်းကုန်သွယ်မှု (၁၁၃.၄၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ၃၀ရက်နေ့မှ မေလ ၄ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၅၅၉.၅၈၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၁၃၆)သန်း၊လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၃၅၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၃၁၀)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၆၄၀.၀၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၅၆)သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၁.၅၀၂)သန်းနှင့် သွင်းကုန်(၃၇၆၆.၁၁၀) တန်၊ (၁၁၁၂၉၄.၅၂၀)M2၊ (၁၂၉၅၅)U၊(၁၆၅၉၉၈)2U၊(၇၅၀)BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၆၇၆)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန် ဒေါ်လာ(၃.၁၇၈) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quotaကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ(၄) ရက်နေ့အထိနယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၂၄၈၀၉.၁၃၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၅.၆၂၁)သန်းအားတင်ပို့နိုင်ခဲ့ပါသည်။ ယင်းအပြင် ကော့သောင်းနယ်စပ်မှ ကြက်သွန်နီနှင့်နှမ်းများကိုလည်းတင်ပို့မှုများဆောင်ရွက်လျက်ရှိပါသည်။ ယခုတစ်ပတ်အတွင်းငါးဈေးနှုန်းများမှာတစ်ဖက်ပါအတိုင်းဖြစ်ပါသည်။