မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်(၁၁-၁၀-၂၀၂၂) ရက်နေ့ ကုန်သွယ်မှု အခြေအနေ

Wed, 10/12/2022 - 09:37 -- DotBorderdep

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၁-၁၀-၂၀၂၂) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၈၄၅)သန်း၊ သွင်းကုန် တန်ဖိုးကန်ဒေါ်လာ (၀.၂၇၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၁၂၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာပဲတီစိမ်း (၇၆၂.၆၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ  (၀.၄၃၅) သန်း၊ ရော်ဘာ (၉၃.၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၄) သန်း ၊ ငါးရှဉ့် (၂၅.၇၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၈) သန်း၊ဝါဂွမ်း (၂၉.၀၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၂) သန်း၊ကဏန်း(၁၁.၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၄) သန်း၊ဆန်ကွဲ(B1-2)(၁၀၀.၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၆) သန်း၊ ကြက်သွန်နီ (၃၃.၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်း၊ပဲနီကြား(၃၂.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆) သန်း၊ဆန်(ဧည့်မထ)(၃၅.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃) သန်း၊ ဝဉ(အစို) (၃၀.၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄)သန်းတို့ဖြစ်သည်။

            အများဆုံးအမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ (၂)ဘီးတပ်လယ်ယာထွန်စက်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၉)သန်း၊ ယာဉ်နှင့်ယာဉ် ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄)သန်း၊ကြွေပန်းကန်တန်ဖိုးကန်ဒေါ်လာ (၀.၀၃၄)သန်း၊ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀)သန်း၊လိမ္မော်သီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆)သန်း၊ကြွေပြားတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄)သန်း၊ ဝါယာကြိုး(အကြီး)တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁)သန်း၊ စက်မှုသုံး သံဒလိမ့် တုံး တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈)သန်း၊ စိုက်ပျိုးရေးသုံးဆေးဖြန်းပုံးတန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇)သန်း၊ နံရံကပ်သံချိတ်တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄)သန်းတို့ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၁) ရက်နေ့ထိ ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ (၁၀.၃၇၅) သန်း၊ သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ (၈.၁၈၄) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၈.၅၅၉)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယနေ့ ပေါက်ဈေးအရ ပြင်ပ ငွေလဲနှုန်းတစ်ယွမ် လျှင်(၄၁၄)ကျပ်ဖြစ်ပြီးလက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။

Border Trade News

Pages