ဘင်္ဂလားဒေ့ရှ် မှ မြန်မာ့အုန်းသီးခြောက်ကို စစ်တွေမှတစ်ဆင့် ဝယ်ယူတင်သွင်းမှု မြင့်မားလာ

Mon, 10/17/2022 - 09:32 -- DotBorderdep

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်မှုကို ကုန်သွယ်မှုဖြင့် အထောက်အကူပြုရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ ကုန်သွယ်ရေးစခန်း၊ မောင်တောကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပေး၍ နယ်စပ်မှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ငန်များ လွယ်ကူချောမွေ့စေရေး ၊ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်ပပျောက်စေရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှု မြင့်မားလာ သည်နှင့်အမျှ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းအမယ်သစ်များ နှစ်စဉ် တိုးတက်တင်ပို့ နိုင်လျက်ရှိပါသည်။ မြန်မာ့ထွက်ကုန်ပစ္စည်းများအနက် အုန်းသီးခြောက်ကို စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ တစ်ဆင့် ဘင်္ဂလား ဒေ့ရှ်သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာလအထိ)မှစ၍ တင်ပို့ နိုင်ခဲ့ကြောင်း၊ ၎င်း ဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း (၁၆)တန်သာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်( Mini Budget)ကာလဖြစ်သည့် ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ မတ်လ အထိ (၆)လတာ ကာလအတွင်း တန်ချိန်(၇၉၈) တန်ထိ တိုးတက် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၆)လ (၂၀၂၂ ဧပြီလမှ စက်တင်ဘာလအထိ) တာကာလအတွင်းတွင်လည်း တန်ချိန် စုစုပေါင်း (၈၈၈) တန် အထိ ထပ်မံ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း နှင့် ဆက်လက်၍ ဝယ်လိုအား ဆက်တိုက်ရှိနေ ကြောင်းသိရသည်။။

Border Trade News

Pages