မြန်မာ - တရုတ်နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ကျင်းပခဲ့မှုများနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီအစည်းအဝေး (JBTCCC) အစည်းအဝေးကျင်းပပြုလုပ်ခဲ့မှုများ

Wed, 05/15/2013 - 10:06 -- admin

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲများကို နှစ်စဉ်ဒီဇင်ဘာလအတွင်း ၂၀၀၁ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံအလှည့်ကျ ကျင်းပခဲ့ပါသည်။ ၂၅.၃.၁၉၉၇ ခုနှစ်တွင် ခုျပ်ဆိုခဲ့သော မြန်မာ - တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာခုျပ်အရ နှစ်နိုင်ငံကုန်စည်ပြပွဲများကို တစ်လှည့်စီ အိမ်ရှင်နိုင်ငံအဖြစ် ပြုလုပ်ခဲ့မှုမှာ အောက်ပါအ တိုင်း ဖြစ်ပါသည် -

ပထမအကြိမ် - ၁၈-၁၂-၂၀၀၁မှ၂၃-၁၂-၂၀၀၁ထိ(ကြယ်ဂေါင်မြိ့ု)

ဒုတိယအကြိမ် - ၁၅-၁၂-၂၀၀၂ မှ ၁၉-၁၂-၂၀၀၂ ထိ (မူဆယ်မြို့)

တတိယအကြိမ် - ၂၈-၁၂-၂၀၀၃ မှ ၃၀-၁၂-၂၀၀၃ထိ(မန်စီမြိ့ု)

စတုတ္ထအကြိမ် - ၁၈-၁၂-၂၀၀၄ မှ ၂၂-၁၂-၂၀၀၄ ထိ (မူဆယ်မြိ့ု)

ပဉ္မမအကြိမ် - ၁၂-၁၂-၂၀၀၅ မှ ၁၆-၁၂-၂၀၀၅ ထိ(ကြယ်ဂေါင်မြိ့ု)

ဆဌမအကြိမ် - ၁၈-၁၂-၂၀၀၆ မှ ၂၀-၁၂-၂၀၀၆ ထိ(မူဆယ်မြိ့ု)

သတ္တမအကြိမ် - ၁၀-၁၂-၂၀၀၇မှ၁၄-၁၂-၂၀၀ထိ(ကြယ်ဂေါင်မြိ့ု)

အဌမအကြိမ် - ၁၇-၁၂-၂၀၀၈ မှ ၁၉-၁၂-၂၀၀၈ ထိ (မူဆယ်မြိ့ု)

နဝမအကြိမ် - ၂-၁၂-၂၀၀၉မှ၆-၁၂-၂၀၀၉အထိ (ကြယ်ဂေါင်မြိ့ု)

ဒသမအကြိမ် - ၂၉-၄-၂၀၁၁ မှ ၁-၅-၂၀၁၁ (မူဆယ်မြိ့ု)

( ၁၁ ) ကြိမ် - ၈-၁၂-၂၀၁၁ မှ ၁၂-၁၂-၂၀၁၁ (ကြယ်ဂေါင်မြိ့ု)

(၁၂)ကြိမ်မြောက် မြန်မာ - တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင် ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးမြှင့်စေရေး ပူးပေါင်းဆောင်ရွက်ရန် အတွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Border Trade Cooperating and Coordinating Committee – JBTCCC) ကို ၂၀၀၆ ခုနှစ် မှစတင်၍ ဖွဲ့စည်းထားရှိပါသည်။ မြန်မာဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးခုျပ်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ညွှန်ကြားရေးမှူးခုျပ်က တရုတ်ဘက်မှ ဥက္ကဌအဖြစ် ဆောင်ရွက်ပါသည်။ ကော်မတီပထမအကြိမ်အစည်းအဝေးကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၉ ရက် နေ့တွင် ကျင်းပခဲ့ပါသည်။ နှစ်စဉ် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ် ရေးကုန်စည်ပြပွဲကာလအတွင်း ကော်မတီအစည်းအဝေးကို ကျင်းပလေ့ရှိပါသည်။ ထိုသို့ ကုန်စည် ပြပွဲနှင့်အတူ JBTCCC အစည်းအဝေးများကို နှစ်စဉ်ကျင်းပလျှက်ရှိရာ ယခုနှစ်တွင် အဌမအကြိမ် မြောက် JBTCCC အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှု အတားအဆီးများ လျှော့ချရေးကိစ္စရပ်များ၊ နှစ်နိုင်ငံလူဝင်/ လူထွက်နှင့် နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များ၊ ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူ လျင်မြန်စေရေး ကိစ္စရပ်များ၊ အခွန်လျော့ပေါ့ရေး ဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။