ပို့ကုန်ဒေါ်လာ ၁၄၄ သန်းကျော်ဖိုး အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် နယ်စပ်ကုန်စည်ပြပွဲ

Wed, 12/19/2012 - 05:26 -- admin

ယခုနှစ် မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည် ပြပွဲတွင် မြန်မာ ကုမ္ပဏီ ၉ ခုနဲ့ တရုတ် ကုမ္ပဏီ ၈ ခု၊ စုစုပေါင်း ၁၇ ခု တို့မှ မြန်မာ့ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ ၁၄၄ သန်း ကျော်ဖိုးနှင့် သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ ၄၁ သန်း ကျော်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၁၈၅ သန်းကျော် အရောင်း အဝယ် စာချုပ် ချုပ်ဆို နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ မြန်မာ့ ပို့ကုန်များ အနက် ရာဘာကို  ကန်ဒေါ်လာ တန်ဖိုးသန်း လေးဆယ်ကျော်ဖိုး ချုပ်ဆို နိုင်ခဲ့တဲ့ အတွက် စုစုပေါင်း ပို့ကုန် စာချုပ်၏ ၂၈ ရာခိုင်နှုန်းကျော် ချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။

စာချုပ် ချုပ်ဆိုခဲ့သည့် ပို့ကုန် အမယ်များမှာ ငရှဉ့်၊ ကဏန်း၊ ဆီးဆံ၊ ချဉ်ပေါင် ဖာလာ၊ နေလဲစေ့၊ နှမ်းဖြူ၊ နှမ်းနက်၊ ပဲတီစိမ်း၊ ပြောင်းဖူးစေ့၊ သီဟိုဠ်စေ့၊ ငါးဆားနယ်၊ ငါးခြောက်၊ ငါးလိပ်ကျောက် ခြောက်၊ ငါးပူတင်း၊ ငါးစီပေါင်း၊ ငါးကြင်း၊ ပုစွန်၊ ကင်းမွန်၊ ပင်လယ်မျှော့၊ ခရု တို့ဖြစ် ပါတယ်။ သွင်းကုန် အမယ်များမှာ ဓာတ်ခဲကုန်ကြမ်း၊ ဆပ်ပြာ ကုန်ကြမ်း၊ လက်ကိုင်ဖုန်း  (ဟန်းဆက်) ၊ အထည် အလိပ်၊ ဆေးဝါး၊ သတ္ထုသွင်းသုံး စက် ပစ္စည်းများနှင့် ဓာတ်ဆေး တို့ ဖြစ်ပါတယ်။

မနှစ်က စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၁၃၅ သန်းကျော် ခုျပ်ဆို နိုင်ခဲ့မှုထက် ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၅၀ ကျော်ဖိုး ပိုမို ချုပ်ဆိုနိုင်ခဲ့တာ တွေ့ရပါတယ်။ မနှစ်က ပို့ကုန် ကန်ဒေါ်လာ ၅၈ သန်းနီးပါးခန့်သာ ခုျပ်ဆိုနိုင်ခဲ့ သော်လည်း ယခုနှစ်တွင် ပို့ကုန်ကန် ဒေါ် လာ ၁၄၄ သန်းကျော်ဖိုး ချုပ်ဆို နိုင်ခဲ့သည့် အတွက် ယခင် နှစ်ထက် နှစ်ဆခွဲကျော် ပိုမို ချုပ်ဆိုနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ယခုနှစ် မြန်မာ - တရုတ် နှစ်နိုင်ငံ ပို့ကုန်/ သွင်းကုန် အရောင်း အဝယ် စာချုပ် ချုပ်ဆိုပွဲကို မူဆယ်မြို့ မူဆယ် - နမ်းခမ်း နယ်စပ် ကုန်သည်ကြီးများ အသင်းရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

Nanda