Zoom Application ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းဖွင့်လှစ်ခြင်း

Tue, 08/29/2023 - 06:46 -- ipICTdep

   မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများကို Zoom Application ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၀:၀၀)အချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမတွင်  Zoom Application အသုံးပြုနည်းသင်တန်းအား ဖွင့်လှစ်ခဲ့သည်။

   သင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၊ အိုင်တီဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင့်သဉ္ဇာမျိုး က ပို့ချပေးခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် virtual ဖြင့်ကျင်းပပြုလုပ်သော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများတွင် Zoom Application ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ Zoom Application အား အသုံးပြုရာတွင် သိရှိထားသင့်သည့် အကြောင်းအရာများကို လက်တွေ့ရှင်းလင်းသွားမည် ဖြစ်ပါကြောင်းပြောကြား၍ သင်တန်းတွင် Zoom account ဖွင့်လှစ်ခြင်း၊ Zoom meeting Link ပြုလုပ်ခြင်း၊ Zoom Host အဖြစ် ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အကြောင်းအရာများကို လက်တွေ့ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းတက်ရောက်သူများအား (၃၀-၈-၂၀၂၃) ရက်နေ့တွင် ကျွမ်းကျင်မှုစစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ မူပိုင်ခွင့်ဦးစီးဌာန၏ ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။