ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO) နှင့် အာဆီယံ(ASEAN)တို့မှ ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် Tik Tok ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Thu, 07/06/2023 - 06:31 -- ipICTdep

၁။      ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) ၏ WIPO Youth Project အရ အကြောင်းအရာဖန်တီးသူ (content creators) လူငယ်လူရွယ်များအား မိမိတို့ ဖန်တီးမှုများ၏ မူပိုင်ခွင့်အခွင့်အရေးများရရှိရန်၊ မူပိုင်ခွင့်ဆိုင်ရာကျွမ်းကျင်ပညာရှင်များထံမှ လေ့လာသင်ယူနိုင်ရန်၊ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးခြင်း၏ အရေးပါမှုကို ပရိသတ်များစွာ သိရှိနိုင်ရေး အားပေးမြှင့်တင်ရန်  ရည်ရွယ်၍ ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ (WIPO) နှင့် အာဆီယံ (ASEAN) တို့မှ ပူးပေါင်း၍  Tik Tok ပြိုင်ပွဲကို “IP & Tourism:  My land is my ultimate flex” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။       ပြိုင်ပွဲအတွက် စည်းကမ်းချက်များမှာ-

(က) ပြိုင်ပွဲဝင်များသည် အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်း လူငယ်လူရွယ်ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ (မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းနှင့်ဆက်စပ်နေသောပုဂ္ဂိုလ်များယှဉ်ပြိုင်ခွင့်မရှိပါ။)    

(ခ)   ပြိုင်ပွဲဝင်များသည် မိမိကိုယ်တိုင် ဖန်တီးထားသည့်  (၁)မိနစ်စာ Tik Tok ကို မိမိတို့၏ကိုယ်ပိုင် Account မှတဆင့် Public Post အဖြစ် hashtag “#ASEANbyNatureMY ”  ကို အသုံးပြုပြီး Upload ပြုလုပ်ရမည် ဖြစ်ပါသည်။

       ( ပြိုင်ပွဲကာလမှာ ၁၅-၆-၂၀၂၃ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အထိ ဖြစ်ပါသည်။)

(ဂ)   ပြိုင်ပွဲဝင်များသည် Tik Tok Video ပေးပို့ရာတွင်  https://multimedia.wipo.int/wipo/en/youth-engagement/wipo-tiktok-youth-theme-song.mp3 မှ သော် လည်းကောင်း(သို့မဟုတ်) Tik Tok Application တွင် “ASEANbyNature” ဟု ရှာဖွေ၍ သော်လည်းကောင်း Original Sound ကို Download ရယူပြီး အသုံးပြုရမည်ဖြစ်ပါသည်။

(ဃ) ပြိုင်ပွဲဝင်များ ဖန်တီးထားသော Tik Tok Video သည် ပြိုင်ပွဲခေါင်းစဉ်ဖြစ်သည့် “IP & Tourism: My land is my ultimate flex” နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး WIPO-ASEAN Youth Tik Tok ပြိုင်ပွဲအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။

 (င) ပြိုင်ပွဲဝင်များ၏ ကိုယ်ပိုင်ဖန်တီးနိုင်မှုအခြေအနေများ၊ comments နှင့် Like ရရှိမှု အခြေအနေများနှင့် ပြိုင်ပွဲ၏ အခြေခံအချက်အလက်နှင့်ကိုက်ညီမှုအခြေအနေများ အပေါ်မူတည်၍ နောက်တဆင့် branding bootcamp တွင် ပါဝင်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီမှ ပြိုင်ပွဲဝင် (၁)ဦးစီကို  ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူ၏  Tik Tok Account မှတဆင့် Private Message ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ပေးပို့ကြေညာပေးသွားမည်ဖြစ်ပါသည်။

(စ)   ပြိုင်ပွဲဝင်များအသုံးပြုရမည့် Material များကို https://trello.com/b/LJXttWv6/ promotional-material-asean-x-wipo-tiktok-competition-for-youth တွင်လည်းကောင်း၊ ပြိုင်ပွဲအတွက်အသေးစိတ်အချက်အလက်များကို  https://www.wipo.int/youth-engagement/news/2023/news_0001.html တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(ဆ) ပြိုင်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၏ website ဖြစ်သည့် www.ipd.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။