COVID – 19 ရောဂါကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Tue, 08/03/2021 - 08:48 -- mocadmin

နေပြည်တော်၊ သြဂုတ်လ ၂   ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ကုန်စည်ကူးသန်းရေးတွင် COVID-19 ရောဂါပြန့်ပွားမှုထိန်းချုပ် ရေးလုပ်ငန်းကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် COVID-19 ကာကွယ်ကုသရေး အခြေခံဆေးဝါး နှင့်ဆေးပစွ္စည်းများ ပြည်ပမှတင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။   

            အစည်းအဝေးတွင် COVID – 19 ရောဂါကာကွယ် ကုသရေး အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ဆိပ်ကမ်းနှင့်လေဆိပ်များသို့ ပြည်ပမှ တင်သွင်းရောက်ရှိလာသည့်ပစ္စည်း Container များအား တင်သွင်းလာသည့် ကုမ္ပဏီများမှ အမြန်ဆုံးလာရောက် ထုတ်ယူနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပိတ်ရက်မရှိ ထုတ်ပေးနိုင်ရေး၊ OSS Task Force  ရန်ကုန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှဆိပ်ကမ်းသို့ရောက်ရှိနေသည့် Container များနှင့်ပတ်သက်၍ တင်သွင်းသည့်ကုမ္ပဏီများသို့ ခေါ်ယူဆွေးနွေးပြီး အမြန်ဆုံးထုတ်ယူနိုင်ရေး၊ ထုတ်ယူပြီးပစ္စည်း များအား စျေးကွက်အတွင်း အမြန်ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်သော FDA သွင်းကုန် ထောက်ခံချက် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရေး၊ တင်သွင်းခြင်းဆိုင်ရာ ဖြေလျော့ပေးမှုများအား သတင်းအချက်အလက် များကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်ပေးရေး၊ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် ယခင်ကအတိုင်း ဆေးဆိုင်များသို့ တိုက်ရိုက်ပို့ဆောင် ဖြန့်ချီပေးရေး၊ ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ အားလုံးဖွင့်လှစ်ရောင်းချရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြပြီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် တမူး - မိုးရေးနယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) နှင့် ဂိတ် (၂) တို့အား ဆေးဝါးတင်သွင်းရန်အတွက် ဖွင့်လှစ်နိုင်ပြီဖြစ်၍ အမြန်ဆုံးတင်သွင်းရေး၊ အိန္ဒိယနိုင်ငံ ကောလ်ကတ္တားမြို့ဆိပ်ကမ်းတွင် ရောက်ရှိနေသော မြန်မာ့ပဲတင်ပို့သည့် သင်္ဘောသည် သြဂုတ် လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဆေးဝါး၊ ဆေးပစ္စည်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများ ကုန်သေတ္တာ (၈၀) ခန့် တင်သွင်းနိုင်ကြောင်းတို့ကို ဆေးဝါးကုမ္ပဏီများသို့ အသိပေးသွားရန် ဆွေးနွေးခဲ့ကြပါသည်။ 

          အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဘက်အတွင်းရေးမှူး၊ ဗိုလ်မှူးချုပ်  ရန်နောင်စိုး၊  ဌာနဆိုင်ရာတာဝန်ရှိများ၊  COVID – 19   ရောဂါကာကွယ်   ကုသရေးဆေးဝါးနှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းမှုလွယ်ကူလျင်မြန်မှန်ကန်ချောမွေ့စေရေး လုပ်ငန်း အဖွဲ့(ရန်ကုန်)မှ အဖွဲ့ဝင်အားလုံး၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် Task Force မှအဖွဲ့ဝင်များအားလုံးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။